8 : Frozen

479 95 53
                                    

#PixieDust #MonShweYee #8

အေဒရီယန်လွမ်း ခေါ် နေ့သစ်ဆက်ခမျာ ကျောပြင်တောင် တသိမ့်သိမ့်တုန်ရှာသည်။ အဖြစ်ကလည်း ရယ်ရလွန်း၍ မျက်ရည်ပါထွက်သည်ကိုး။ ပေါ်ပေါ်တင်တင်လည်းမရယ်နိုင်သဖြင့် ကျောပြင်ပင် တုန်ရ တော့သည်။ မောင်မင်းကြီးသားရဲ့အဖြစ်က ကိုယ့်သားဖို့ဝယ်လာသည်ကို အငမ်းမရ စားမိခဲ့လေခြင်းကိုး။ ဒါရှက်စရာကိစ္စဟုတော့ နည်းနည်းလေးမှ တစ်စက်ကလေးမှ မမြင်ပါ။ ရဲဆက်က Simba ကို ဂရုစိုက်လာ ခြင်းသည် မည်မျှကျေနပ်ဖို့ကောင်းသနည်း။ Simba ကိုကြောက်နေရာမှ ယခုကဲ့သို့ မုန့်ကျွေးဖော်ရလာပါ လျှင် သူ့ကိုလည်း တစ်ချိန်ချိန်တွင်...။ ဂလု။ စိတ်ထဲ ကလိကလိဖြင့် ကြိတ်ရယ်မိပြန်သည်။

ရဲဆက် ရပ်စဲ။ သဘောကောင်းလွန်းသော ဘောသမားကောင်လေးပါလားနော်။ စိတ်ထားလေးကလည်း ချစ်စရာ။ အေဒရီယန်လွမ်းမှာ ဖုန်းထဲမှ ရဲဆက်ပုံကို ချဲ့ကြည့်မိပြန်သည်။ ကြည့်ကောင်းလိုက်တာနော်။ အနာဂတ်ရည်းစားလေးကို ကြူးချင်လှပြီ။ နေပါလေ.. အချိန်တွေအများကြီးရပါသေးသည်။ ယခုတော့ Simba နှင့် ရင်းနှီးမှုယူပါစေဦး။ ကျေနပ်ပီတိဖြာရသော သူ့မျက်နှာကြီးကိုတော့ ဝရန်တာနားမှ ခိုကလေး များသာ မြင်နိုင်ပါလိမ့်မည်။

=============================================================================

ကြက်ကင် ကိစ္စ ဖြစ်ပွားပြီးနောက် သူတို့၏ ဆက်ဆံရေးလေး အေးစက်ဝေးကွာသွားမည်လားဟု စိုးရိမ်ခဲ့ ရသော ရဲဆက်မှာ ကိုနေ့သစ်ဆက်၏ အပြုံးချိုချိုများ ပြန်မြင်ရခါမှ သက်ပြင်းချနိုင်တော့သည်။ မနက်ဆို လျှင် စကားသိပ်မပြောဖြစ်ပါဘဲ အပြေးလေ့ကျင့်ဖြစ်ကြသည်။ အပြေးလေ့ကျင့်သည်ဆိုသည်ထက် လမ်း တူတူလျှောက်သည်ဟုပြောမှ မှန်ပေမည်။ ရဲဆက် ပြေးနေကြ မြန်နှုန်း၏ ထက်ဝက်မက လျှော့ထားရ သော်လည်း မငြိုငြင်မိ။ ဘေးမှာ ကိုနေ့သစ်ဆက်နှင့် Simba ကို ပစ္စည်းကိရိယာ အပြည့်အစုံနှင့် မြင်ရလျှင် စိတ်ထဲအေးချမ်းရသည်ကိုလည်း နားမလည်နိုင်တော့ပါ။ သူတို့ရှိနေသည်က ရဲဆက် အားကစားလေ့ကျင့် မှုကို မည်သို့မည်ပုံ အထောက်အကူဖြစ်စေသနည်းတော့မသိ၊ သေချာသည်က ရဲဆက်၏ စွမ်းဆောင်ရည် က သိသိသာသာ ကောင်းမွန်လာခြင်းပင်။ အသင်းလေ့ကျင့်ရေးတွင် ရဲဆက်ကို အသင်းဖော်များသာမက နည်းပြများကပါ ချီးကျူးနေကြသည်။

Pixie DustWhere stories live. Discover now