‌မနက်ပိုင်းအတန်းကကိုကြီး 🤍

19 0 0
                                    

နေ့လယ်က ကျောင်းတွင်တဝက်တပျက်သာဖတ်၍ပြီးခဲ့သော ဆောင်းပါးစာအုပ်က်ို ဆက်ဖတ်ချင်သောကြောင့် အိမ်သို့တိတ်တိတ်လေးယူလာခဲ့စဥ်က သူ့အတွေးသည် လွန်စွာရိုးရှင်းခဲ့ပါသည် ။ ဒီညအပြီးဖတ်မည် နောက်နေ့ကျ သူ့နေရာသူပြန်ထားလိုက်ရင်ပြီးပြီပေါ့ ဟူ၍။

အဆိုပါ HIV ဆောင်းပါးအပြင် နောက်ဆောင်းပါးအတိုတစ်ပုဒ်လည်း ဆက်ရေးထားသေးသည်။ ဆောင်းပါး၏နာမည်က " အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence) "

ယခင်အပုဒ်နှင့်ခြားနားစွာပင် ဤ‌ဆောင်းပါးတွင် ဇာတ်လမ်းတိုလေးကိုပါ ထည့်ရေးထားသည်။ ဆောင်းပါး၏အစတွင် အိမ်တွင်းအကြမ်းဖက်မှု၏အဓိပ္ပါယ် ၊ မည်သို့သောအရာမျိုးကို အကြမ်းဖက်ခံရခြင်းဟု ခေါ်ဆိုနိုင်သည်မှ အစချီကာ ကမ္ဘာပေါ်ရှိနှစ်စဥ်သန်းနှင့်ချီသောလူများမှာ ထိုကဲ့သို့ကိစ္စများနှင့်ကြုံတွေ့နေရကြောင်း ထိုကဲ့သို့အကြမ်းဖက်မှုကြောင့် မိမိကိုယ်ကိုအဆုံးစီရင်မှုများပင်ရှိကြောင်း ထည့်သွင်းရေးသားထားသည် ။

နေ့စဥ်ရက်ဆက် မိသားစုအတွင်းဖရုဿဝါသဆဲဆိုရမ်းကားမှုများ ၊ ရန်ဖြစ်သည့်အချိန်တွင် မိခင်ဖြစ်သူကိုလက်ပါ၍ သားသမီးများကိုကန်ကျောက်ရိုက်နှက်တတ်သော ယောကျာ်းသားများ ၊ လင်မယားအချင်းချင်းရန်ဖြစ်ရာမှ စုပုံလာသည့်ဒေါသများကို အပြစ်မဲ့သောသားသမီးငယ်များထံတွင်ပုံချတတ်သောမိဘများ ၊ ထိုကဲ့သိုလူမျိုးများသည် အဘယ်သို့သောလူအမျိုးအစားများ ဖြစ်ကြသနည်း။

ဆောင်းပါး၏အလယ်တွင် ဥပမာအနေနှင့် ထည့်သွင်းရေးသားထားသည့် ကလေးငယ်သည် မဆင်းရဲသော်လည်း မချမ်းသာသည့် သာမာန်လက်လုပ်လက်စားမိသားစုထဲတွင် ကြီးပြင်းခဲ့သည် ။ မိခင်ဖြစ်သူ၏အလုပ်အကိုင်အပေါ်တွင် အဓိကမှီခိုအားထားနေရသည့်မိသားစုဝင်များသည် ငွေရေးကြေးရေးကိစ္စတိုင်ပင်စရာရှိလျှင် အမျိုးသမီးဖြစ်သူကိုသာ တိုင်တည်ဆွေးနွေးကြသည်က များလေသည် ။ ဝင်ငွေနည်းသောအလုပ်တစ်ခုကို အလုပ်ဆင်းတစ်ရက် ပျက်တစ်ရက်ဖြင့် လုပ်ကိုင်နေသော ယောကျာ်းဖြစ်သူမှာ သူ၏အိမ်ထောင်ဦးစီးဘဝမှာ တဖြည်းဖြည်းဘေးရောက်လာသည်ဟု တွေးလျှက်မကျေမနပ်ဖြင့် ပြဿနာစရှာလေတော့သည် ။

ချစ်ခြင်းပုံပြင် ( Tale ) [COMPLETED]Where stories live. Discover now