ep_2

166 14 4
                                    

* jisung သူ့လက်က hyung ပါးစပ်ထဲရောက်နေတာကို အံ့သြကာ မျက်လုံးများပြူးကျယ်ကုန်၏... hyung ကတော့ဘာမှမဟုတ်သလို သွေးကိုညစ်ထုတ်လိုက်ပြန်စုပ်လိုက်နဲ့ ... အရင်ကလည်း hyung ကမူမမှန်သလို ဂရုစိုက်တတ်ပေမဲ့ ဒီလောက်ကြီးထိ? *

renjun - တောက်စ်!!

jisung - ဟင်! ကိုကို

* ပြန်ရောက်လာမယ်လို့မထင်ခဲ့တဲ့ ကိုကိုက သူတို့ကိုစိတ်ပျက်သလိုကြည့်ကာ အပေါ်တက်သွား၏.. ကိုကို့ကိုမြင်တာနဲ့ jisung လက်ကိုပြန်ယူပြီး  သူတို့ရဲ့မူမမှန်တဲ့အနေအထားကိုသတိထားမိကာ ထရပ်လိုက်တော့ ဖန်ခွက်ကွဲစ ကထပ်ပြီး ခြေဖနောက် ထဲစူးကနဲပင်..*

jisung - အ့!

* သူ့ရဲ့ယိုင်နဲ့သွားတဲ့ကိုယ်ကို hyung ကလာထိန်းတော့လည်း ကွက်တိပင် ကိုကိုကအပေါ်ထပ်ကနေဆင်းလာလေရဲ့*

renjun - ဒီလောက်ဖြစ်နေကြရင်ထွက်သွားကြပါလား.. မျက်စိရှုပ် နားရှုပ်နဲ့

* jeno လက်ကိုလွတ်ကာ ခြေထောက်နာတာကိုပင်မမူနိုင်စွာ ကိုကို့အနားအပြေးသွားလိုက်သည်.. အနောက်က jeno ကတော့လက်တလှမ်းလှမ်းနဲ့  ... လက်ထဲကရုန်းထွက်ကာ ခြေနာတာကိုပင်မမူပဲ ပြေးသွားတဲ့ ကောင်လေးကိုကြည့်ရင်း ခေါင်းခါနေမိသည်... ဘာလို့ဒီကလေးအမှတ်မရှိရတာလဲ ဘာလို့နှိပ်စက်တဲ့လူအနားမှာပဲ့ကပ်တွယ်ချင်နေရတာလဲ *

renjun - ဖယ်!

* jeno အတွေးလွန်နေတုန်းမှာ အိမ်ရှေ့ကအသံကြောင့်အာရုံကရောက်သွားပြန်ပြီ... သူအတတ်နိုင်ဆုံးတော့ဝင်မပါမိအောင် ဂရုစိုက်ရမယ်.. ကောင်ငယ်လေးက သူတို့ကြားဝင်ပါတာကို အထူးအမိန့်အနေနဲ့တားမြစ်ထားသည်လေ *

jisung - ကိုကို အထင်လွဲတာ ပါ... hyung ကကူညီ..

renjun - ပါးစပ်ပိတ်ထားစမ်း! ဘယ်သူ့အားကိုးနဲ့ငါ့ကိုစောက်စကားလာပြောနေတာလဲ

* မျက်လုံးထဲက မီးတွေထွက်နေသလားအောက်မေ့ရအောင် မျက်ခမ်းတွေနီရဲကာ သူ့ကိုကြည့်နေတဲ့ ကိုကိုကြောင့် jisung နည်းနည်းကိုယ်လေးတွန့်သွားမိသည်... ဒီအကြည့်မျိုးကို သူတို့ရဲ့လက်ထပ်တဲ့နေ့ကတည်းက လက်ခံခဲ့ရပေမဲ့ သူအခုထိကြောက်နေမိတုန်း.. ဒါပေမဲ့သူရှေ့ဆက်တိုးမှရမယ်... မဟုတ်ရင် ကိုကိုဖြစ်ချင်သလိုတွေဖြစ်ပြီးပျက်စီးသွားလိမ့်မယ် *

MistakeWhere stories live. Discover now