ep_3

126 12 3
                                    

* ခြံထဲကိုလူငယ်လေးတစ်ယောက်အလူးအလဲပြေးထွက်လာခဲ့သည်.. အကြောင်းကတော့ကျောင်းသွားအပ်ချိန်နီးနေတာကြောင့် ... ရုတ်တရက်သစ်ပင်နားမှာကုပ်ကုပ်ကလေးထိုင်နေတဲ့ကောင်ငယ်လေးကိုမြင်တော့ ​အသက်ပြင်းကိုခပ်ဖွဖွလေးချကာ​ ကြည့်နေရင်းပြုံးလိုက်မိသည် *

renjun - ဒီတစ်ခါကော ဘာအထူးအဆန်းတွေ့နေတာများလဲ

* jisung တစ်ယောက်အာရုံစိုက်နေချိန်အသံသေးသေးလေးကြားရင်ပင်လန့်တတ်တာကြောင့် လန့်ကာ ဖင်ထိုင်လျက်လေးဖြစ်သွားသည်.. ဒါပေမဲ့ရေစိုနေတဲ့ မြေကြီးအပေါ်မကျပဲ ခြေခမိုးပေါ်မှာသာ... မော့ကြည့်လိုက်တော့ *

jisung - ကိုကို ဟီးး

* jisungရဲ့အနောက်တည့်တည့်မှာရပ်နေတာကြောင့် ထိုင်လျက်ကျဖို့ကို ကိုကို့ခြေကအဆင်သင့်ပင်... ဒါကိုသိနေခဲ့တဲ့ renjun ကိုလည်းတွေ့ကော သွားလေးတွေပေါ်အောင်ရီ ​ပြလိုက်သေး၏.. renjun လည်းခေါင်းလုံးလုံးလေးကိုဖွလိုက်ပြီး *

renjun - ဘာတွေကိုဒီလောက်အာရုံစိုက်နေတာလဲ jisungie... ကိုကို့အသံကိုတောင်လန့်ရတဲ့အထိ

jisung - ကိုကို..

renjun - အွန်း

jisung - မြက်ပင်တွေက ဘာလို့ကြီးမလာတာလဲဟင်... အပင်ကသေးတော့ jijiတို့လမ်းသွားရင်နင်းမိတယ်လေ... သူတို့လေးတွေလည်းအသက်ရှိတာပဲ နာမှာပေါ့...ဒီထက်ကြီးလို့မရဘူးလား

* စလာပါပြီ...ပေါက်တီးပေါက်ရှာမေးခွန်းတွေ အခုပဲ့အထက်တန်းတက်ရတော့မယ်.. ဒီလိုမဟုတ်ကဟုတ်ကတွေကိုရှာရှာပြီးထူးဆန်း ထူးဆန်းလို့မှအားမရ သူ့ကိုပါအမြဲခေါင်းမီးပူလာတိုက်တဲ့ဒီကလေးကို သူဘယ်လိုရှင်းပြရမလဲ

ရုတ်တရက်ခြံထဲကားဝင်လာသံကြားတော့ renjun ပျော်သွားသည်... သေချာပေါက် ဒီမေးခွန်းဒဏ်ကို ငါတစ်ယောက်တည်းမီးအတောက်မခံနိုင်ဘူး *

jeno - jisung yaa.......

* jeno ကားပေါ်ကဆင်းသည်နှင့်အပြေးရောက်လာကာ သူလွမ်းဆွေးတမ်းတလှတဲ့ jisung လေးကိုပြေးဖက်လိုက်ပြီးတော့ jisung မှာ အသံလေး အင့်ကနဲကထွက်လာတဲ့အထိ *

jisung - အင့် !

* ဘေးကကြည့်နေတဲ့ renjun ကတော့ ခေါင်းခါကာပြုံးလိုက်သည်...ဒီကလေးမဟုတ်တော့တဲ့ ကလေးလေးကို သူတို့အရမ်းကိုမြတ်နိုးသံယောဇဥ်ဖြစ်ကြသည်... တစ်ရက်မတွေ့ရမနေနိုင်တဲ့ jeno ကိုအမြင်ကပ်ပေမဲ့ ၅မိနစ်တောင်အပျောက်မခံနိုင်သူ့ကိုယ်သူပြန်မြင်ရတော့ jeno ကိုဘာမှမပြောတော့ပေ ...

MistakeWhere stories live. Discover now