ep_5

137 9 3
                                    

* mark တစ်ယောက် အခန်းရှေ့ကဘဲလ်တီးသံကြောင့်အိပ်ယာမှနိုးသွားသည်...  အိပ်ရာမှထကာ သွားဖွင့်ကြည့်တော့ *

mark - jeno shi?

jeno - nae  ဟို... cctv ပြမယ်..ဆိုလို့

mark - ဟုတ်ပါပြီကွာ... ဝင်ခဲ့

haechan - ဝါးးး  ဘယ်သူလဲ ကိုကို

* အခန်းအဝကနေ အခုမှအိပ်ယာကထလာပုံနဲ့ ရှုပ်ပွနေတဲ့ဆံပင်ကိုလည်းကုတ်လျက် သန်းရင်း ဘယ်သူလဲလာမေးနေတဲ့ haechan ကို jeno အမြင်ကတ်စွာမသိချင်ယောင်ဆောင်ပြီး ဆိုဖာမှာသွားထိုင်လိုက်သည် *

mark - မင်းသူငယ်ချင်းလေ lee jeno

haechan - ဘာ! ဒီအချိန်ကြီး!?

jeno - ဟျောင့်! နာရီကိုလည်းကြည့် ၁၀ နာရီကို နေမထွက်သေးဘူးများထင်နေလား

* ထိုအခါမှစပ်စပ်ဖြဲဖြဲရုပ်လုပ်ကာ *

haechan - ဟဲဟဲ.. ညကအိပ်ယာဝင်အရမ်းနောက်ကျသွားတော့

* ညကအကြောင်းကိုရောက်တာနဲ့ mark ကိုကြည့်ကာရှက်သလိုပြောလာတော့ jeno ကတော့မျက်စောင်းထိုးကာ mark ကပြုံးရင်း မနိုင်ဘူးဆိုတဲ့ပုံနဲ့ ခေါင်းခါလိုက်သည် *

mark - ခနစောင့်နော် jeno shi အလုပ်ရဲ့စတိုခန်းထဲမှာသိမ်းထားဖြစ်မယ်ထင်တယ် အရင်ရှာနှင့်မလား နံပါတ်တွေတော့တပ်ထားတယ် ရှာရမခက်လောက်ဘူး

haechan - အာ..ကိုကိုကလည်း ဧည့်သည်ကိုရှာခိုင်းလို့ဘယ်ဖြစ်မလဲ... ကိုကိုရှာလာခဲ့လေ.. jeno နဲ့ bae စကားပြောမလို့

jeno - တော် တော် တော်! မင်းနဲ့စကားပြောရင် မင်းနဲ့မင်းကိုကိုအကြောင်းကလွဲပြီး ကျန်တာမ​ပြောလို့ ငါစာအုပ်တစ်အုပ်ထုတ်လို့ရလောက်ပြီ.. ငါ့ဘာသာပဲ သွားရှာတော့မယ်

* အရင်ထသွားတဲ့သူ နဲ့နှုတ်ခမ်းလေးဆူကကြည့်ရင်းကျန်ခဲ့တဲ့ သူနဲ့ markတစ်ယောက် နှစ်ယောက်လုံးကိုကြည့်ပြီးခေါင်းခါနေတော့သည်... တကယ့်ကိုကလေးဆန်နေလိုက်ကြတာ *

jeno - ရှာတွေ့ပြီထင်တယ် 2020.2လပိုင်း 8ရက်နေ့လို့ရေးထားတယ်

* mark ကြည့်ပြီးခေါင်းငြိမ့်ပြကာ laptop ကိုယူလာကာ သူ့ရဲ့အလုပ်​စားပွဲပေါ်မှာတင်ပြီး SD ကတ်ထိုးလိုက်ကာ cctv ကိုစစ်ကြည့်တော့သည် *

MistakeWhere stories live. Discover now