ep_6

97 13 1
                                    

* jeno မနက်နိုးလာတော့ ညကသောက်ထားတဲ့အရှိုန်ကြောင့် ခေါင်းကထိုးကိုက်လာတော့သည်.... ခေါင်းကိုဖိနှိပ်နေတုန်း ဖုန်းသံကြောင့် ပိုဆူညံသွားတော့ မကြည်နေတဲ့စိတ်လေးပိုရှုပ်သွား၏... ဖုန်း contact ကိုမြင်ချိန် jeno မျက်ခုံးနှစ်ကြောင်းက ထိလုမတတ်ကြုပ်သွားကာ *

jeno - hello omma

jeno'm - အမလေး... ကိုယ်တော်ချော ငါဆက်မှပဲ့ကိုင်တော့တယ်

jeno - appa ကသတင်းပို့ပြန်ပြီလား မင်းရဲ့သားကငါ့ဖုန်းမကိုင်ဘူးလို့

jeno'm - သားလေး... appa ကစိတ်ပူ သတိရလို့လေ .. သွားတာလဲဘယ်လောက်ကြာပြီ Paris ကိုဘယ်တော့ပြန်လာမှာလဲ.. ညီမလေးနဲ့ကောတွေ့ဖြစ်လား စောင့်ရှောက်ပေးလိုက်ပါအုံးသား

jeno - သူ့က ကလေးလား လိုက်စောင့်ရှောက်ရအောင် သူကကျွန်တော့်ညမအရင်း လည်းမဟုတ်ဘူး သူ့ဘာသာအဆင်ပြေတယ် ကြည့်ရသလောက်က ပြီးတော့  ပြန်လာမဲ့အချိန်ကိုတော့အတိအကျမပြောနိုင်သေးဘူး omma... ဒါပေမဲ့ ပြန်လာရင်တော့သတင်းကောင်းရှိတယ်

jeno'm - ဘာလဲ ဘာလဲ... omma တို့သမက်လောင်းလေးပါလာမှာလား

* omma စကားကြောင့် jeno ပြုံးသာပြုံးလိုက်သည်... appa ဖုန်းမကိုင်တာ ဒါကြောင့်လည်းပါတယ် omma လောက်တောင်နားလည်ပေးမှုမရှိဘူး *

jeno - ဒါပဲ့နော့် omma သွားစရာရှိသေးလို့

jeno'm - ဘာလဲဟ... စကားကိုဆုံးအောင်ပြောသွားတာမဟုတ်ဘူး တန်းလန်းကြီး... ပိုက်ဆံကောရှိသေးရဲ့လား တစ်ယောက်တည်းနေနေတာ

jeno - ဒီမှာတစ်သက်လုံးနေလို့ရတဲ့အထိရှိတယ်... ဒါပဲ့နော့် ချစ်တယ် omma ကော appa ကော

* jeno ဖုန်းကိုအမြန်ချလိုက်၏... မဟုတ်ရင်သူဘယ်လိုမှဖြေနိုင်မှာမဟုတ်ဘူး ဒီဟိုကိုပြန်သွားမဲ့ကိစ္စက.... ဖုန်းရဲ့ home wallpaper လေးက jisungie ရဲ့သူ့ကြောင့်ပြုံးရယ်နေတဲ့ပုံလေးကိုကြည့်ကာ သူလည်းလိုက်ပြုံးမိသည် .... ပြန်စဥ်းစားကြည့်မှ jisungie ကသူနဲ့ဆိုရင် ပြုံးနေသေးတာပဲ့... သူလက်လျော့လိုက်မှာထက်စာရင် ထိုအပြုံးလေးကြောင့်သူလက်လွတ်ပေးဖြစ်မယ်မထင်ဘူး... *

jeno - ဘာကိစ္စပဲ့ရှိရှိ သေချာပေါက် jisung ကငါ့လက်ထဲရောက်မှရမယ်... ဒါမှ ဒီအပြုံးလေးကို ငါငါတစ်သက်လုံးကာကွယ်နိုင်မှာ

MistakeWhere stories live. Discover now