အပိုင်း၂

5.2K 144 2
                                    

လွန်ခဲ့သောရက်အနည်းငယ်ခန့်က မင်းမုန်းရဲတို့အိမ်တွင် ကိစ္စတချို့ဖြစ်ပျက်သွားခဲ့ပါသည်။

တနင်္ဂနွေနေ့ဖြစ်တာကြောင့် မင်မုန်းရဲတစ်ယောက် ကျောင်းပိတ်သဖြင့် အိမ်တွင် အမေနဲ့နေ့လည်စာကူချက်ပေးနေသည်။

"အမေ အမလည်းမမြင်ဘူး မနက်ကတည်းကဘယ်သွားတာလဲဟင်"

"အော် သားရယ် သားအမက အလုပ်သွားတယ်လေ "

"ဒါပေမယ့် သားမနက်ကတည်းက မမြင်မိတာဗျ ခါတိုင်းအမက အစောကြီးအလုပ်မသွားရပါဘူး"

"သူအလုပ်က ဒီနေ့အရေးကြီးတယ်ဆိုပြီး ပြောသွားပဲသားရယ် ကဲပါ အဲ့ဒီအာလူးသီးလေး မြန်မြန်လှီး အမေဒီဟင်အိုးပြီးရင် ပြင်တော့မှာ"

"ဟုတ်ပါဗျ အမေကလည်း သားလည်းလုပ်နေပါတယ်"

ဒေါ်မြသားမြတ် တစ်ယောက် သူ့သားအကြိုက် အာလူးသီးဆီပြန်လေး ချက်ပြီး ချဥ်ပေါင်ရွက်ချဥ်ရည်ကြိုကာ သမီးအကြိုက် ငါးရန့်ခြောက်ဖုတ်လေးရယ် ပြင်ဆင်နေတာဖြစ်သည်။

ဒီသားနဲ့သမီးဟာ သူမဘဝ သူမအသက်များသာဖြစ်ပါသည်။
မိန်းမသားတစ်ယောက်ထဲ လုပ်ကိုင်စားသောက်ရတာဟာ အင်မတန်ခက်ခဲလှပါသည်။

ပတ်ဝန်းကျင်က တချို့တချို့သော ယောကျာ်းများကလည်း ကူညီချင်ပါတယ် စောင့်ရှောက်ချင်ပါတယ်ဆိုကာ အကဲစမ်းသူများလည်းရှိကြသေးသည်။

လူကသာဆင်းရဲမည် သိက္ခာတော့ မဆင်းရဲပါ။ မုဆိုးမ ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် ကိုယ့်ကိုကို တန်ဖိုးထားကာ နမည်ပျက်ကင်းကင်းနဲ့ နေနိုင်ခဲ့သည်။

သမီးကြီးလေးက တော်ရှာသည် ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်ဘဲ အမေ့အားဝိုင်းကူခဲ့သည်။

အဝေးသင်တက်ရန်ပြောပေမယ့် သမီးက မတက်တော့ပါပဲ သူ့မောင်လေးကိုသာ မြေထောင်မြှောက်ပေးချင်သည်တဲ့။

အစကလက်မခံခဲ့ပေမယ့် ခေါင်းမာလှတဲ့ သမီးဖြစ်သူက အလုပ်ကို သူမမသိအောင်ရှာကာ လုပ်ကိုင်နေတာဖြစ်ပြီး နောက်မှသိရတာကြောင့် စိတ်လျော့ကာ လက်ခံလိုက်ရသည်။

မောင့်အမုန်းတော်ခံ (Completed) Where stories live. Discover now