"မဟုတ်ဘူးမောင်....အဲ့လိုမလုပ်ပါနဲ့နော်..ငါနောက်အဲ့လိုမဟုတ်တော့ပါဘူး..တကယ်ပါမောင်ရယ် ငါတောင်းပန်ပါတယ်""မနေချင်တော့ဘူးမဟုတ်လား...အားနာမနေပါနဲ့ ဒီကကောင်လို ငမွဲနဲ့နေရတာ ဘယ်အဆင်ပြေပါ့မလဲ"
မှူး လက်ဖဝါး သေးသေးလေးထဲကနေ မောင်လက်ဖဝါးပြင်ကြီးကို ဆုပ်ကိုင်ထားနေရာမှ မောင်ကရုန်းလိုက်ပြီး ဆိုဖာခုံပေါ်ထိုင်ကာ ရှည်လျားသော ခြေထောက်ကိုချိတ်ထိုင်လိုက်သည်။မှူး တစ်ကိုယ်လုံးတုန်ယင်လာရသည်။ မှူးထိုသို့ဖြစ်ရန် တကယ်မရည်ရွယ်ခဲ့တာအမှန်ပါ။
မှူး မောင့်ခြေရင်းနားဝင်ထိုင်လိုက်တော့ မောင်ကမှူးအား မျက်မှုန်ကုပ်ကာကြည့်သည်။
"မောင် ငါမာမီကို စိုးရိမ်မိလို့ သွားတွေ့မိတာပါမောင်ရယ်...မောင်ပြောသလို ငါမောင်နဲ့နေရတာအဆင်မပြေလို့မဟုတ်ရပါဘူး မောင်ရယ်"
"ဟွန်း...ယုံပေးရမှာလားကျုပ်က"
မောင်က တစ်ချက်ပေမယ့် ထိုအရာကမထိတထိနဲ့ ရယ်သော လှောင်ရယ်သံသာဖြစ်သည်။
"ငါ...ငါတကယ်နောက်ထပ်မလုပ်တော့ပါဘူးမောင်ရယ်...ငါ...ငါလေ...ငါ..ဟင့်..မာမီကို နောက်ထပ် သွားမတွေ့...မတွေ့..ဟင့် တော့ပါဘူး"
မောင့်ခြေရင်းမှာ မှူးရဲ့ မာနတရားတွေ သိက္ခာတရားတွေမရှိဘဲ ခင်ပွန်းတစ်ယောက်ခြေရင်း ချစ်ရသူရဲ့ခြေရင်းမှာ ရှိနေခြင်းပြီး မှူးနှလုံးသားလေးဟာလည်း မောင့်ခြေဖဝါးအောက်မှာ အပ်နှင်းထားခြင်းခံနေရသည်။
"ကျုပ်မတားပါဘူး...သွားပါ..ခများသွားချင်တဲ့အချိန်သွားလို့ရတယ်..ဒါပေမယ့်ပြန်လာချင်တဲ့အချိန်မှာ ခများအတွက် ကျုပ်ရင်ခွင်က စီးကြိုမနေဘူးဆိုတာ သိထားပေးစမ်းပါ"
မောင်ကပြောပြီး ထထွက်သွားသည်။မောင် ခြေလှမ်းတွေအောက်မှာ မှူး နှလုံးသားလေးလဲ ကွဲကြေသွားခဲ့ရပြီဖြစ်သည်။
စိတ်ချပါမောင်...ငါမောင့်ထံမှာ ငြိတွယ်မိတဲ့အချိန်ကနေစပြီး ငါ့အချစ်တွေဟာ မောင့်အပေါ် မှာ နယ်ကျွံပြီးသားမို့...ငါအရဲကိုးပြီး မောင့်စီကနေထွက်မသွားရဲဘူးမောင်!
YOU ARE READING
မောင့်အမုန်းတော်ခံ (Completed)
Non-Fictionမောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုကြွေးစေချင်လိုက်တာကလေးရာ