"မင်းတို့က ဘယ်လိုဖြစ်ကြတာလဲကွာ"
"ကိုရှိုင်းလင်း ရော ငါသူနဲ့စကားပြောချင်တယ်"
မင်းမုန်းရဲ အံကြိတ်ကာ ပြောလိုက်သည်။
"မသိဘူးလေ ငါလည်းသူ့စီမဝင်ခဲ့ရဘူး..သူမင်းစီလာတော့ လာမှာပါကွာ မင်းသတိမရခင်တုန်းကတော့ တစ်ခေါက်လာသွားသေးတယ်ကွ"
" နိုင်မင်း မှူး ငါ့ကိုထားပြီး တကယ်ထွက်သွားတာတော့ မဟုတ်ဘူးမှတ်လားကွာ...ပြီးတော့ ဒီကိစ္စတွေမှာ သေချာပေါက် ဟိုလူ့ပရောဂ မကင်းဘူးဆိုတာငါသိတယ်..အဲ့လူလုပ်တာပဲဖြစ်နိုင်တယ်"
နိုင်မင်းက မင်းမုန်းရဲ အနားလာကာ ပခုံးကိုပုတ်လိုက်ပြီး စကားဆိုသည်။
"အခုလောလောဆယ်တော့ မင်းဒါဏ်ရာတွေသက်သာအောင် အရင်နေလိုက်ပါအုန်းကွာ...တော်သေးတယ် လက်လေးပဲကြီး"မား"ထိခိုက်သွားတာ "
မင်းမုန်းရဲ ဘယ်ဘက်လက်မှာ ပတ်တီးကအဖွေးသားနဲ့ ဖြစ်နေသည်။
"ဟာကွာ...ငါတကယ်ရူးတော့မယ်ကွ...အစကတည်းက ငါ့အမှား...အားလုံးငါ့အမှားတွေပါကွာ..ငါသာ..ကျစ်......လီးလိုပဲကွာ"
မင်းမုန်းရဲအသံတွေ အပ်ကွဲနေကာ မျက်ဝန်းတွေက နီစွေးလျှက် မျက်ရည်များက ကျဆင်းနေသေးသည်။
မင်းမုန်းရဲ အမေနဲ့အမ မရှိတော့ကတည်း မျက်ရည်ဆိုတာ မကျတော့ပေ။ အခု မျက်ရည်ကျခြင်းက နှလုံးသားတစ်ခုလုံး နာကျင်လွန်းပြီး မျက်ရည်များကျဆင်းလာခြင်း။
.......
ရှိုင်းလင်း ဆေးရုံဝင်ပေါက်တံခါးကနေ ကွယ်ကာ မင်းမုန်းရဲတို့ ပြောနေတာကို နားစွင့်နေမိသည်။
ပြီးတာနဲ့ ခြေလှမ်းတို့က နိုင်မင်းနဲ့ စွန်ရဲတို့ရှိသောအခန်းထဲသို့။
"စွန်ရဲ..သက်သာရဲ့လား"
မင်းမုန်းရဲ အနားရောက်လာသော ကိုရှိုင်းလင်းကို မျက်မှုန်ကုက်ကာ ကြည့်လိုက်သည်။
"ဇွန်မိုးယံ ဆိုတဲ့ ခွေးမသား ...အဲ့ကောင်နဲ့တွေ့ချင်တယ်.."
ရှိုင်းလင်းက သက်ပျင်းတစ်ချက် ချလိုက်သည်။ပြီးမှ မင်းမုန်းရဲအား နားလည်ရခက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည်လိုက်ပြီး...
YOU ARE READING
မောင့်အမုန်းတော်ခံ (Completed)
Non-Fictionမောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုကြွေးစေချင်လိုက်တာကလေးရာ