part-1

22.3K 155 3
                                    

ဖြန်း
"အားး အမေ့ဘာလို့ရိုက်ရတာလဲ''
"နင်ဘာအချိုးချိုးတာလဲဒီနေ့''
"ဘာလုပ်မိလို့လဲအမေရာ''
"နင်ငါ့ကာစတန်မာကိုဘာလုပ်တာလဲ''

ကာစတန်မာ ကာစတန်မာလဲအမေ သမီးဘဝကိုဖာအဖြစ်ဝယ်ယူမယ့်ကာစန်မာလားလို့ အော်မေးပစ်ချင်ပေးမယ့်လည်ပင်းအဝတွင်သာပျောက်သွားရသည်မဟုတ်လား

"သမီးက အမေ့သမီးရောဟုတ်ရဲ့လားအမေ''
"စိတ်ပျက်စရာမျက်ရည်တွေထွက်မလာနဲ့''

ပြောပြောဆိုဆိုနဲ့အခန်းထဲဝင်သွားတဲ့ မာတာမိခင်ကြီးကိုကြည့်ပီးရင်ထဲအမျိုးအမည်မသိတဲ့ဝမ်းနည်မှုကြီးစိုးနေမိတယ်

"ခယောင်းမြေ ခယောင်းမြေ''
"လာပြီလာပြီ''
"ဟောဟဲ''

လှေကားပေါ်ကို ခုန်မတက်ရုံတမယ်ပြေးလာရသည်မို့ အမောတောင်မပြေသေးအပြစ်တင်သံကြီးကအရင်ကြားရပြန်သည်

"နင်နားလေးနေလား''
"ဝေဝေ မမလဲပြေးလာတာဘဲလေ''
"နင်ငါ့အမ မဟုတ်ဘူး ငါ့ကျွန်''
"ဟုတ်ပါပြီဝေဝေရယ်မမကိုဘာပြောမို့လဲ''

ဝေဝေဘယ်လောက်သူ့အပေါ်ရိုင်းရိုင်းသူစိတ်မဆိုးနိုင်ပါ အဘယ့်ကြောင့်ဆိုထိုခလေးမမွေးတဲ့နေ့က
ဖခင်ကြီးကားတိုက်သေတဲ့နေ့ဆိုလဲ မမှားပေ ဖတဆိုးသမီးလေးကို သူမသာထိန်းကျောင်းခဲ့ရသည်မဟုတ်လား

"ငါ့ဖိနပ်''
"ဖိနပ်ကပေနေလို့လားဝေဝေ''
"မဟုတ်ဘူးစီးပေး ''

ခြေထိုးရင်းပေးလာသည့်ခလေးမကြောင့် သူစိတ်ပူနေတာတဝက်လောက်သက်သာခဲ့ပီလေ ဒါလဲသူမငယ်ငယ်ထဲကအလိုလိုက်ထားမိသည့်အကျိုးဆက်ဘဲမလား

'တောက်'
"စောက်သုံးမကျလိုက်တာ''
"သခင် အဒါက''
"မင်းတို့စောက်သုံးမကျလို့လေအဒါ''
"ကျွန်တော်တို့လဲယူပါတယ် ဂိုဏ်းတွင်းသစ္စာဖောက်''
"ရှာပြီးသတ်ပစ်''

မှန်သည် အဒါဝေဟင်ကောင်းကင်ဘဲ ချောမောလှပသည့်မျက်နှာနှင့်၆ပေလောက်ရှိသည့်အရပ်ကြီး ဝမ်းဗိုက်ကကြွက်သားများကအမြောင်းလိုက်နှင့်
လောင်းကစားဝိုင်းများစွာပိုင်ဆိုင်ထားသူမှောင်ခိုလက်နက်ရောင်းဝယ်ရေး ဆေးခြောက်တွေဘိန်းတွေစိုက်သည့် ဘိန်းရာဇာတယောက်ပင် အမှားကိုလက်မခံသူဖြစ်ပြီးရက်စက်တဲ့နေရာမှာဆရာတဆူသွင်တဲ့သူပင်

အချစ်ကြမ်းကြမ်းWhere stories live. Discover now