part-29 End(uni)

6.3K 55 3
                                    


ကျလစ်ကျလစ်

ကလျစ် ကျလစ်

"သခင် အသံ''

"ရှူူး''

လက်ညှိုးနဲ့ပါးစပ်ကိုတိတ်တိတ်နေဆိုတဲ့ လက္ခဏာပြီး အသံကြားရာလျှောက်ကြည့်တော့ သူ့အူကြူးလေးအခန်းထဲက
အခန်းတံခါးကိုအသာလေး ဟကြည့်တော့
နံရံတွေကိုလက်တွေနဲ့ကုတ်ခြစ်နေတဲ့သူ့အမျိုးသမီးလေး နံရံမှာပင်သွေးတွေကပ်နေသည်

"ဘယ်သူမှမဝင်ခဲ့နဲ့ မခေါ်မချင်း''

တံခါးကိုဆွဲဖွင့်ပြီး ကုတ်ခြစ်နေတဲ့လက်ကလေးတွေကိုင်ကာ

"ကလေးလေး အလိုမလုပ်ပါနဲ့
ကိုယ်လေ ကိုယ်ကိုကြည့် စိတ်ကိုထိန်းပါဦး အူကြူးရယ် ''

အပြုံအရယ်အငိုမရှိ တည်တန့်နေတဲ့မျက်နှာကြောင့် ပုခုံးထက်ကိုင်ကာလှုပ်ခါရင်း

"မိန်းမ ကိုယ့်ကိုကြည့်လို့ ''

"အင့်..ဟင့်...''
"ဦးဟင်လားဟင်''

"အွန်း ကိုယ်ရှိတယ်ကိုယ်ကိုကြည့်''

ရင်ခွင်ထဲတိုးဝင်လာတဲ့အူကြူးက သမီးလေးထက်ပင်စိတ်နုနေသေးသည်

"ဦးဟင် ခယောင်းလေ ခယောင်းကြောက်တယ် အင့်..လက်တွေလည်းနာနေတယ် ဒီနားကြီးကလည်းနာတယ်''

သူ့ရင်ဘတ်ကလေးကို ထိုးပြကာပြောနေပုံက အမေရိုက်လို့အဖေကိုပြန်တိုင်နေသလိုပင်

"ကိုယ်ရှိတယ်နော် ဆက်မလုပ်နဲ့တော့စိတ်ထိန်း''

ထိုအခါ ပါးနှစ်ဖက်ကိုတဖြတ်ဖြတ်ရိုက်ရင်း

"မလုပ်ချင်ဘူး မလုပ်ချင်ဘူးပြောနေတာကို လုပ်လိုက်လုပ်လိုက်ဆိုပြီး လာခိုင်းနေတယ် ''

"အူကြူးလေးပြန်ပြောပါဦး''

"ခယောင်းမလုပ်ဘူးနော်သူလုပ်နေတာ ဟီးးခယောင်းမလုပ်ဘူးယုံနော်''

"အင်းပါကိုယ်ယုံပါတယ်နော် ပင်ပန်းနေပြီမလားအိပ်လိုက်တော့နော်''

"အိပ်ရင်သူကအမှောင်ကြီးထဲဖမ်းထားဦးမှာ''

"ကြည့်ပါဦးလက်ကလေးတွေနာနေပြီမလား အိပ်လိုက်ကိုယ်ရှိတယ် ဘယ်သူမှမဖမ်းဘူးနော်''

အချစ်ကြမ်းကြမ်းWhere stories live. Discover now