part-25

2.6K 31 0
                                    

"မိန်းမ ဘာစားချင်လဲဟင်''

"ဦးဟင် ကလေးထပ်မယူတော့ဘူးနော်''

"အင်းပါ ကိုယ်သိပါပြီနော် စိတ်ကြီးတင်းမထားနဲ့သိလား''

ဒီရက်ပိုင်း အရင်ကပုံစံနဲ့မတူလာတဲ့ သူ့ကလေးကြောင့် သတိထားကြည့်နေရတယ် မိန်းကလေးတွေက မီးဖွားပြီးရင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်တတ်တယ် ကြားဖူးလို့လေ

"ဒီသေးသေးလေးက ဘယ်ချိန်ကြီးလာမှာလဲ''

"တဖြေးဖြေးပေါ့ အူကြူးရဲ့ ဘာလို့လဲ ကြီးစေချင်ပြီလား''

"ဟင့်အင်း မကြီးစေချင်ဘူး ကြီးလာလို့မလိမ်မာရင် စိတ်ဆိုးနေရမှာ အခုလိုဆို ချစ်ဘဲချသ်နေရမှာ''

"အူကြူးလေးရယ် ကြီးလာမှာပါကွယ်နော် လိမ်မာမှာပါ ကိုယ်တို့သမီးက''

ဘာမှဆက်မပြောဘဲ ကလေးကိုဘဲကြည့်ပြီး ငိုင်သွားတဲ့ သူ့မိန်းမကြောင့်  စိတ်မချမ်းသာခြင်းများစွာနှင့်

"ဝင်ခဲ့လို့ရလား''

"ဘာလုပ်ဖို့လဲ ''

"ခယောင်းလေး အတွက်မိုင်လိုပါသခင်''

"အေးယူလာခဲ့''

မတ်ခွက်ကြီးနဲ့ထည့်ထားတဲ့ မိုင်လိုခွက်ကို ပြောင်းယူပြီး

"ရပြီပြန်တော့ သင်းသင်း ရာဇာကို ခနနေ ငါ့အလုပ်ခန်းလာလို့ပြောလိုက်''

"ဟုတ်''

"ပြီးတော့ဟိုငနာကျော်စွာပြန်မလာဘူးလားခုထိ''

"ဒီလိုလေ''

ပြန်မလာဘူးလားမေးတာကို လက်ညိုးထိပ်နခုကိုတေ့ပြပြီးနှုတ်ကိုတချွန်ချွန် လုပ်ပြနေတာ ဝက်မကြီးအီးပါမရလို့ညစ်နေသလိုဘဲ

"ငါ ကန်ထည့်လိုက်ရ ဘာလုပ်နေတာလဲမေးတာကို''

"သခင်ကလည်း သူများသမီးရည်းစား တစ်တီတူးချစ်ကြည်နူးနေကြမှာပေါ့ တကယ်ဘဲလုပ်ပြလဲမသိဘူး''

"ညည်းလုပ်ပြတာဝက်ဖင်ချုံ့နေသလိုဘဲ ဘယ်သိမလဲ လူလိုမပြောဘဲ''

"ဝုတ်ဝုတ် ဟောင်ပြနေလို့လားသင်းက''

အဟွတ်အဟွတ်

အချစ်ကြမ်းကြမ်းWhere stories live. Discover now