part-28

3K 25 0
                                    

​အခန်းထဲမှာ အိပ်နေတဲ့သူ့အူကြူးကိုကြည့်ရင်း စိတ်မချမ်းသာခြင်းများစွာနဲ့
အခန်းတံခါးကို အသာလေးပိတ်ပြီး

"သခင်''

"တံခါးပိတ်ခဲ့လိုက်''

ထိုင်နေကြတဲ့သူတွေကြောင့်မဟုတ်ဘဲ သခင့်မျက်နှာကြီးကြည့်ပြီး သင်းသင်း ကျားဖင်သာပြေးနိုက်ချင်မိတယ်

"တစ်ခုမကျန်ပြော''

"သခင် ခရီးထွက်သွားတဲ့နေ့ကစတာ သခင်မပေါက်စလေးကို ဆွဲဆိတ်နေတာ မေးတော့လဲမသိသလိုလို အိမ်မက်ထဲက ထလာတဲ့သူလိုပုံစံမျိုး အဲ့နောက်''

"ဆက်ပြော''

"နာနီတွေလဲ ကလေးကိုကုတ်နေတာတွေ့တယ် ပိုပြီးဆိုးလာပြီး အရေအတွက်ပိုစိတ်လာတယ်''

"အဲ့ကလေးမက ဘာမှမမှတ်မိတာလား''

"အဒါတော့မသိသေမယ့် ကလေးကိုလုပ်နေတဲ့အချိန် ကလေးကိုမမလေးစီကယူပြီး မမလေးလို့ခေါ်လိုက်တဲ့အခါကျ ဟမ်ဘာလို့လဲ ကလေးနို့တိုက်နေတာ အလိုဘဲ​ပြောတယ်''

"ဆံပင်တွေဖွာလန်ကြဲနေတာကရော''

"ကလေးကိုမမလေးနို့မတိုက်တော့ဘဲ နို့မှုန့်ပြောင်းတိုက်ပြီးထားတော့ မမလေးကအလိုဘဲ ကိုယ့်ဖာကိုရိုက်ယူနေ​ပြန်ရော ဆံပင်ဆွဲလိုက် လက်တွေကိုက်လိုက် မျက်နှာတွေကိုရိုက်လိုက်နဲ့''

"ဒါဆို လဝန်းတို့ ယောင်းမလေးကို ကလေးနဲ့ခွဲထားမှထင်တယ် စိတ်ရောဂါဖြစ်နေတာလား ဘယ်လိုလဲ''

"ကျွန်တော့်ဆေးပညာအရတော့မမလေးက လုံးဝအကောင်းကြီးပါ''

"ဒါဆို ဘာဖြစ်တာလဲ စောင့်ကြည့်ရုံပေါ့''

"ကိုကျော်စွာ ပြောတာလဝန်းထောက်ခံတယ်''

"အခန်းထဲ ဘာပစ္စည်းမှမထားနဲ့ရာဇာ''

"ဟုတ်သခင်''

"ဟိုမိန်းမကိုလဲ ကြည့်ကြဦး ငါသွားပြီ''

ကောင်းကင်အခန်းထဲဝင်လာတဲ့အထိတောင် ငိုက်ကောင်းနေတဲ့နာနီတွေအေးပေါ့ အရမ်းတွေပင်ပန်းကြတာဆိုတော့ ကလေးတယောက်ကို၃ယောက်ဝိုင်းထိန်းရတာလေးကို

အချစ်ကြမ်းကြမ်းWhere stories live. Discover now