part-20

2.8K 36 0
                                    


"မမလေးရယ် မစားပါနဲ့လား''
"သင်းကလည်းခယောင်းကိုကျွေးလေနော်''
"မရပါဘူးဆို မမလေးရယ်ဒင့်ပြင့်ဟာစား''
"ဒါဘဲစားမှာပါဆို''

သခင်ပေါက်စတို့မာမီကတော့လုပ်ပြန်ပြီ သခင်အလုပ်ကိစ္စနဲ့အပြင်သွားတာကိုအခွင့်ယူပြီး သင်းသင်းကိုနှိပ်စက်စပြုနေတာ
သခင်ကအစပ်မစားခိုင်းပါဘူးဆို
ဒင်းကတော့ပန်းသီးကိုပ်စပ်လေးသုတ်ပေးပါတဲ့ချိုနေလို့ပါတဲ့

ဒီမာမီပေါက်စကိုလည်းလက်လန်ပါတယ်ပန်းသီးပါဆိုမချိုဘဲနဲ့ချဥ်ရမှာလားလို့ ဟင့်အော်တာငိုချင်တယ် ကျွေးလိုက်ရင်လည်းသခင်ပြန်လာရင် မိသင်းတို့ကရာဇာနဲ့ညားအုံးမယ်

"သင်း လို့လုပ်ပေးပါလို့''

"သခင်သတ်လိမ့်မယ် မမလေးရယ်''

ဟွန့်အဲ့ဒီအလကားလူကြီးကသူဗိုက်ကြီးရမှာ ဒီပါးစပ်ကြီးစားချင်နေတာလေတားလို့မှမရတာက်ု ပန်းသီးကိုချိုချိုကြီးဝယ်လာတာအီပါတယ်ဆို

"ရတယ်လေဟွန့်''

အပေါက်ဝကနေကြားနေရတဲ့စကားတွေကရယ်ရမလားငိုရမလား ပန်းသီးကိုချိုတာဝယ်လာလို့တဲ့
မယ်ကောက်ချိတ်တို့ကတော့ဗိုက်ကလေးမစူတစူကိုလှုပ်ခါနေအောင်လျှောက်တော့တာဘဲ တံခါးဝမှာရပ်နေတဲ့သူ့ကိုပါခြေထောက်တက်နင်းသွားလိုက်သေးမခန့်တာ

"မမလဝန်း''

"မယ်ချွဲလေး ဘယ်လဲ''

"မမစီလာတာ ''

"လာပါအုံးမမကလွမ်းနေတာ ဆေးတွေရောသောက်ရဲ့လား''

"သောက်ပါတယ် မမလဝန်းခယောင်းကိုပန်းသီးလေးအစပ်သုတ်ပေးပါလား''

"မမလေးခယောင်းရယ် ကျွန်တော်မျိုးကိုညှာတာပေးပါရှင်''

"ဟွန့်မမကလည်း ကြောက်လို့လားဦးဟင်ကို''

"ကြောက်တာတော့မဟုတ်ဘူး ရှိန်တာတကယ်လုပ်ရင်သေမှာ''

"ရတယ်နေပေါ့ဦးကျော်စွာကိုသွားပြောပစ်မယ်''

"ဟာယောင်းမလေးကလည်း''

ဒီမမဗိုက်တော့တယောက်ကိုပြဿနာရှာတာအားမရလို့ နောက်တယောက်ကူးပြန်ပြီ ကောင်းကင်ရေခံပေတော့ဘဲ ဟွန့်တွေ့မယ်လေ မမဗိုက်

အချစ်ကြမ်းကြမ်းWhere stories live. Discover now