အပိုင်း[၂]

289 60 7
                                    

အပိုင်း ၂-အနက်​ရောင်ဝံပု​လွေက သူ့​ပျော်ရွှင်မှု့ကို ​ဖော်ပြခြင်း

ကျင်းယန်က အမှန်တကယ် စိတ်လှုပ်​ရှား​နေပြီး သူ့ခံစား​တွေက လ​ကို​​တောင်ကျော်လွန်​သွားသည်။

သူ နတ်သား​သေး​သေး​လေးနဲ့ ​တွေ့ခဲ့တယ်။

ဖိတ်ကြားလိုက်ပြီး​နောက် ​ချောင်ရှီက ​နေရာမှာပဲ လှဲနေ​သေးပြီး သူ့ကို ဗလာဖြစ်စွာနဲ့စိုက်ကြည့်​​နေပြီး ဘာတုန့်ပြန်မှု့မှ မပြတာကို သူ​​တွေ့လိုက်ရသည်။ကျင်းယန် သူ့​ခြေ​ထောက်​တွေကို ​ကွေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး သိသာထင်ရှားတဲ့ အရိတ်အမြွက်ပြလိုက်သည်။

လိပ်ပြာ": "....."

ကျား: "....."

လူတစ်​ယောက်နဲ့ သားရဲတစ်​​ကောင်က တစ်​ယောက်ကိုတစ်​ယောက်ကို ကြည့်​နေပြီး သူတို့မျက်လုံး​ထဲမှာ ရှုပ်​​ထွေးမှု့များနှင့် ပြည့်​နှက်​နေသည်။

ပြီး​တော့ ​ချောင်ရှီ...သူအာရုံပြန်ရလာပြီး​နောက် ခြုံပုတ်စီသို့ တွားသွားလိုက်ပြီး အဲ့​နောက်မှာ ပုန်း​လိုက်ပြီး သူ့မျက်နှာတစ်ဝက်က​ ပေါ်​နေပြီး ကျင်းယန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်​နေသည်။

ဒီအချိန်မှာ ​​​ပြောင်းပြန်အ​နေနဲ့ တောင့်တင်းသွားတာ​က​တော့ ကျင်းယန်ဖြစ်သည်။ခုနတုန်းက ဒီက​လေး​ရှေ့မှာ အရမ်းကြမ်းတမ်းသွားတာကို အမှတ်ရလိုက်သည်။အဲ့အတွက်​ကြောင့် ကျင်းယန် ရှင်းပြဖို့ မြန်မြန် ​လျှောက်သွားသည် "ကိုယ်...ကိုယ် မင်းကို အခု​ ​​ငေါက်နေတာ မဟုတ်ပါဘူး​။"

သားရဲနှစ်​ကောင်နဲ့ လူတစ်​ယောက်က အဲ့ဒါကို သူတို့မယုံတာကို ရှင်းရှင်းလင်းလင်း ပြလိုက်သည်။သူတို့ ​ဟိန်း​​နေ​သော "အာဝူး"ဆိုတာကို နားမလည်​သော်လည်း အနက်​ရောင်ဝံပု​လွေက ​ချောင်ရှီကို ​​ကြိမ်း​မောင်းနေတာကို သူတို့သိသည်။

​ချောင်ရှီက အနည်းငယ် ​နောက်ပြန်ဆုတ်သွားပြီး သူမျက်လုံး​တွေက ပိုပြီးသတိရှိလာခဲ့သည်။

ကျင်းယန်: "....."

​သေစမ်း၊ အိပ်ယာနိုးလာတဲ့အချိန်မှာ ​ဒေါသထွက်တာက တကယ် ကောင်းတဲ့အရာမဟုတ်ဘူး။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now