အပိုင်း[၁၀]

98 17 0
                                    

အပိုင်း ၁၀: သူက သူ့ချစ်လှစွာ​သော ကြက်က​လေးကို ကိုင်ထား​သည်ဆိုတာ သိသာလှသည်။သို့​သော် တစ်ကမ္ဘာလုံးက သူကရိက္ခာကို ကိုင်ထားတယ်လို့ ထင်​နေကြသည်?!!

​ချောင်ရှီ ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူထိန်းမထားနိုင်​တော့​ပေ "...မင်းတို့အားလုံးဘာလို့ ဒီ​လောက် ခပ်တည်တည်​နေ​နေကြတာလဲ။"

ဒီလူ​ခြောက်​ယောက်က ခုန​​လေးတုန်းက သူတို့အမူအယာ​​​တွေပြောင်းလိုက်တာကို ​တွေ့ရသည်။ခုနတုန်းက လူတိုင်းကားပျံထဲမှာ ထိုင်​နေတုန်းက သူတို့​တွေက စကား​ပြော​နေရင်း ​ပျော်ရွှင်စွာ ရယ်​မော​​နေကြသည်။သို့​သော် ကားပျံက ဝံပု​လွေနန်း​တော်ကို ​ရောက်သွားပြီး တံခါးပွင့်သွား​သောအခါ လူ​ခြောက်​ယောက်က သူတို့၏အပြုံးများကို ချက်ချင်း ဖယ်လိုက်ကာ လျစ်လျူရှုသည့် အမူအရာများနှင့် အစားထိုးလိုက်သည်။​​ချောင်ရှီသည် ဒီလူ​တွေ အထဲကို ​အေးစက်စွာ ​လျှောက်သွားသည်ကို ကြည့်ရင်း သူတို့၏ရုတ်တရက် ​ပြောင်းလဲသွား​သော ​ရောင်ဝါ​ကြောင့် အံ့သြသွားခဲ့သည်။

...အငြိမ်မ​နေတတ်တဲ့ ကျားသစ်​လေး ကီလီစီတောင် ဒီအချိန်မှာ သိပ်မလှုပ်ရှား​ပေ။

ဒါကိုကြား​တော့ ကီလီစီက အာရုံ​ပြောင်းမသွားခဲ့​ပေ။သူ့နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး အသံတိုးတိုးနဲ့ ပြန်​ဖြေလိုက်သည် "ငါတို့ ဒီလိုပုံနဲ့ ကြည့်​ကောင်းတယ်လို့ မထင်ဘူးလား?"

​ချောင်ရှီ: "....."

တခြားနည်းနဲ့​ပြောရရင် ဒီလူများက ဟန်​ဆောင်​နေကြတာဖြစ်သည်.....

မဟုတ်ဘူး ​ကျောင်ယွဲ့နဲ့ ​အာ့ရွယ်​တောင် သူတို့အတူ အလိုက်သင့်​လိုက်ပါ​နေသည်။

ဒါက လုံးဝမဖြစ်နိုင်ဘူး!

​ချောင်ရှီက ​​ကျောင်ယွဲ့ကိုကြည့်လိုက်ပြီး ကျားသစ်​လေး​ပြောခဲ့တာက အမှန်လားဆိုတာ သိချင်​နေသည်။

ကျင်းယန်သည် ကြက်က​လေးသည် ​ကျောင်းယွဲ့စီသို့ သူ့ယုံကြည်မှု့ကို မသိစိတ်က​နေ ပြ​​နေတာနဲ့ ပတ်သက်ပြီး အလွန်သ​ဘောမကျဖြစ်​နေသည်​။ထို့​ကြောင့် သူက ​ချောင်ရှီကို ပြန်လှည့်လိုက်ပြီး ချဥ်​နေ​သော ​လေသံဖြင့် ​ပြောလိုက်သည် "သူ့အဓိပ္ပါယ်မရှိတဲ့ စကား​တွေကို နား​မ​ထောင်နဲ့ ငါက သူ့လိုက​လေးမဆန်ဘူး။"

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးحيث تعيش القصص. اكتشف الآن