အပိုင်း[၁၁]

99 18 0
                                    

အပိုင်း ၁၁: ဒါကချောင်ရှီ ပထမဆုံးအကြိမ် သူ့ရင်ခွင်ထဲကို သူ့ဘာသာသူဝင်လာတာပဲ။ငါ​​သေသွားပြီ။

​ချောင်ရှီ ၎င်းကို ခံစားမိသည်။

လူတိုင်းက သူ့​နောက်မှာ အတူတကွရပ်​နေပြီး ကျင်းယုကိုရင်ဆိုင်တဲ့အချိန်မှာ လူတိုင်းက သူ့ကို တိတ်တဆိတ်​ပေးခဲ့တဲ့ စွမ်းအားကို သူခံစားရသည်။

အမှန်​တော့ သူ့မှာ ကျင်းယုကို​ကြောက်ရွံတဲ့ စိတ်ရှိ​နေတုန်းပဲဖြစ်ပြီး အဲ့မှတ်ညဏ်က သူ့စိတ်ထဲ နက်နက်ရှိုင်းရှိုင်း ထွင်းထားတာဖြစ်သည်။သို့​သော်လည်း လူတိုင်းက သူ့ကို​ပေးတဲ့ စွမ်းအားက အရမ်းသန်မာလွန်းတာ​ကြောင့် တကယ်​တော့ သူနည်းနည်းချင်း ပြန်တိုက်ခိုက်လာနိုင်ခဲ့သည်။

ကျင်းယု ထွက်သွား​တော့ ​သူ​နောက်လှည့်လိုက်ပြီး လူတိုင်းကို​ပြောလိုက်တယ် "​ကျေးဇူးတင်ပါတယ်။"

​ကျောင်ယွဲ့က သူ့​ခေါင်းကိုထိလိုက်ပြီး ဖျတ်ခနဲ အပြုံး​​​ ပြလိုက်တယ်။

"​​ဟေး ကျင်းယန်။အဲ့​​ကောင် ကျင်းယု သူ့မျက်လုံး​တွေက မနာလိုဖြစ်​နေတဲ့ပုံ​ပေါ်တယ်။"ကီလီစီက ဒါကို​ပေါ​ပေါ့ပါးပါး ​ပြောလိုက်တယ်။

ကျင်းယန်က ​သ​ရော်လိုက်တယ် "သူ့မှာ သတ္တိရှိရင် လာခဲ့လိုက်စမ်းပါ။"

သို့သော် သံသယမရှိစွာပဲ ကျင်းယုသည် ကျင်းယန်ကို ရင်မဆိုင်ရဲ​ပေ။

ကျားသစ်​ဘုရင်မက အ​စောပိုင်းက ဖြစ်ပျက်ခဲ့တာ​တွေကို မြင်​တွေ့ခဲ့ရသည်။သူ့မမျက်ခုံး​တွေကို ပင့်လိုက်ပြီး ​မေးလိုက်တယ် "ဘာကိစ္စရှိလို့လဲ?"

"ကျင်းယန်ကို ရန်စခဲ့တဲ့ အဲ့ဒီက​​လေးကဖြစ်လိမ့်မယ် ဒါ​ပေမယ့် ဒီတစ်ကြိမ်က ကျင်းယန်ဘက်မှာ ပုန်း​နေတဲ့ ​ချောင်ရှီနဲ့ တစ်ခုခုသက်ဆိုင်​လောက်တယ်။"အိုင်ဒီက ​ပြောလိုက်တယ် "​ချောင်ရှီကို သူ့မိဘ​တွေက ကျင်းယုစီပို့လိုက်တာမလား?"

အဲ့ဒါက ခန့်မှန်းရန် မခက်ခဲ​​ပေ။

ငှက်မျိုးနွယ်တွင် အားအနည်းဆုံး တည်ရှိ​သော မင်းသားသည် ရုတ်တရက်ကြီး ဝံပု​လွေနန်း​တော်တွင်​ပေါ်လာခဲ့ပြီး ကျင်းယန်​နေရာတွင် ပုန်း​နေခဲ့သည်။သို့​သော် သူ့မိဘများသည် သူ့ကို ဝံပု​လွေ​တော်ဝင်မိသားစုအတွက် လက်​ဆောင်အဖြစ် ဝံပု​​လွေမျိုးနွယ်ကို ​ပို့ခံလိုက်ရသလိုမျိုး သူ့ကိုပြန်​ခေါ်ဖို့ လုံးဝရည်ရွယ်ချက်မရှိ​ပေ။

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးWhere stories live. Discover now