အပိုင်း[၁၃]

94 16 0
                                    

အပိုင်း ၁၃:ကျင်းယန်က ​ယောကျာ်း​တွေကို ကြိုက်တယ်ဆိုတာ သူသိလိုက်တဲ့အချိန်မှာ သူ့စိတ်ထဲက ခံစားချက်က ပိုပြီး​တော့ ထူးဆန်းလာခဲ့တယ်။

​ချောင်ရှီက သူအစ်မက သူ့ကို​ခေါ်တယ်ဆိုတာ ကျင်းယန်ရဲ့ အ​​ကြောင်း​တွေ စုံစမ်းချင်လိုဆိုတာ သတိထားမိလိုက်ပြီး သူ့ကို အနည်းငယ် မ​ပျော်​ရွှင်​အောင် ပြုလုပ်ခဲ့သည်။

သူအဲ့အ​ကြောင်းကို ​တွေးလိုက်တာနဲ့ သူ​ပြောမပြတတ်​အောင် စိတ်အ​နှောက်အယှက်ဖြစ်သွားတယ်။

သူကျင်းယန်ရဲ့ ​မေးခွန်းကို မ​ဖြေနိုင်ပဲ သူမစဥ်းစားနိုင်ခင်မှာပဲ "ဒီတိုင်း​မေးတာပါ.....မင်းကြိုက်တဲ့ပုံစံမျိုးရှိလား?"လို့ ​မေးပြီးသားဖြစ်​နေခဲ့တယ်။

​ချောင်ရှီက ကျင်းယန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်​နေခဲ့တယ်။

ကျင်းယန်က ​နေရာမှာ ​အေးခဲသွားပြီး သူက ခဏ​လောက် မလှုပ်ရှားနိုင်ခဲ့​ပေ။

သိပ်မ​ဝေးတဲ့​နေရာက ​ကျောင်ယွဲ့၊ ဟိုက်ယုနဲ့ အာ့ရွယ်က သူတို့တုံ့ပြန်မှု့ကို သတိထားမိလိုက်တယ်။ဒါ​ကြောင့် သူတို့သုံး​ယောက်က အကြည့်ချင်းဖလှယ်လိုက်တယ်။

​ချောင်ရှီက ကျင်းယန်က ထုတ်မ​ပြောချင်ဘူးလို့ ထင်သွားပြီး နည်းနည်း စိတ်ဓါတ်ကျသွားခဲ့တယ်။အဲ့ဒါ​ကြောင့် သူက နူးညံ့စွာ ​ပြောလိုက်တယ် "မင်း​ပြောပြဖို့အတွက် အဆင်မ​ပြေရင်လည်း ဒါဆို-"

ကျင်းယန်က အာရုံပြန်လည်လာပြီး ကြက်​က​လေးကို ကြားဖြတ်​ပြောလိုက်တယ် "မဟုတ်ဘူး ကိစ္စမရှိပါဘူး။မင်း မင်းဒီမှာ​စောင့်​နေအုန်း။"

စကား​ပြောပြီး​နောက် သူက သူ့အခန်းကို မီးခိုး​ငွေ့ကဲ့သို့ ပြန်​​ပြေးသွားခဲ့တယ်။

​ချောင်ရှီက နည်းနည်း စိတ်ရှုပ်သွားတယ်။

ကျင်းယန်က အနည်းငယ် ရှက်ရွံ​နေဟန်နှင့် ​ခြေလှမ်း​​သေး​သေးနဲ့ ထွက်လာတဲ့အချိန်မှာ ​ကျောင်ယွဲ့၊ အာ့ရွယ်နဲ့ ဟိုက်ယုက အတူတကွ စုစည်းပြီးပြီဖြစ်ပြီး စက်ဝိုင်းပုံစံ အနားတစ်ဝိုက်မှာ ရပ်​နေပြီး သူတို့ကို ဖရဲသီးစား​ရင်း ကြည့်​​နေဖို့ ရည်ရွယ်လိုက်သည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Jan 26 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ဝံပု​လွေနန်း​တော်က အ​တောက်ပဆုံး ကြက်က​လေးOpowieści tętniące życiem. Odkryj je teraz