~1~

783 58 8
                                    

ဒီနေ့ ရာသီဥတုကလဲသာယာနေသည်။
စိတ်တွေလဲ လေးလံနေခြင်းမရှိဘဲတက်ကြွနေပါ၏။
ဖေဖေနဲ့မေမေကလဲ ထယ်ရယ် ပထမဆုံး ကျောင်းတက်ရက်မို့ စိတ်လှုပ်ရှားနေကြပုံပေါ်သည်။

"သား ထယ်ရယ် ကျောင်းမှာ စာသေချာသင်နော် သူငယ်ချင်းတွေနဲ့လဲရင်းနှီးအောင်နေ မေမေ့သားက အေးအေးဆေးဆေးနေတတ်တာသိပေမယ့် စိတ်ပူလို့ပါကွယ်"

"စိတ်မပူနဲ့ဗျ မေမေသားက အဆင်ပြေအောင်နေတတ်ပါတယ် မေမေရ"

မေမေစိတ်ပူနေမှာသိတာကြောင့် ထယ်ရယ်က မေမေဆီမှလက်ဆင့်ကမ်းရရှိထားတဲ့ ပါးချိုင့်တွေပေါ်အောင်ပြုံး၍ အဆင်ပြေကြောင်းပြောပြရသည်။

"ဖေဖေကတော့ သားကိုယုံတယ် သားသူငယ်ချင်း မတ်ချူးလေးလဲပါမှာမဟုတ်လား အဆင်ပြေကြမှာပါ"

ထယ်ရယ့်က ဖေဖေနဲ့မေမေရဲ့တစ်ဦးတည်းသောသားမို့ သိပ်ချစ်ကြသည်။
မေမေကတော့ စိတ်လဲပူပြီး အစိုးရိမ်လဲကြီးလို့ တစ်ခါတစ်လေ ထယ်ရယ်က

"သားက ယောကျ်ားလေးပါ မေမေရ"ဟု သတိပေးရသည့်အဖြစ်။

ထယ်ရယ်တို့မိသားစုလေးက အေးချမ်းသည်။စီးပွားရေးလဲ အသင့်အတင့်ကောင်းပြီး မိသားစု၃ယောက် လုံလုံလောက်လောက် စားဝတ်နေရေးအတွက်စိတ်မပူရ ။

"သား မတ်ချူးလေးက အရင်ကဆိုအဲလိုနောက်မကျပါဘူး အခုမှ နောက်ကျနေတယ်ကွယ် ဘာလို့များပါလိမ့်"

မေမေပြောမှ ထယ်ရယ်သတိရသည်။မတ်ချူးက အရင်နှစ်တွေ ကျောင်းစတက်ချိန်ဆို အိမ်ကိုအစောကြီး ရောက်လာတတ်သည်။
အစောကြီးဆိုလို့ မတ်ချူးတို့အိမ်နဲ့ ထယ်ရယ့်အိမ်ကသိပ်မဝေးပါ။
၃အိမ်သာခြားသည်လေ။

ဒီနေ့ နောက်ကျနေပုံထောက်ရင် သူ့မေမေ မှာတမ်းခြွေတာ ပျင်းပျင်းနဲ့နားထောင်နေရပုံပေါ်၏။

"ထယ်ရယ်ရေ ထယ်ရယ်!!"

ဟော ​တွေးနေတုန်းရှိသေး ရောက်လာပြီ။မတ်ချူးရဲ့ ခြံပြင်ကနေ ထယ်ရယ်အားအော်ခေါ်တတ်သည့်အကျင့်က ငယ်ငယ်ကအတိုင်းမပျောက်မပျက် ပါလာသည်။

"ပြောရင်းဆိုရင်း မတ်ချူးလေးရောက်လာပြီ"

မေမေက ချစ်စနိုးပြုံး၍ မတ်ချူးအား စောင့်နေသည်။ထယ်ရယ် အိမ်မှ မတ်ချူးကို သားအရင်းလိုချစ်ကြသလို မတ်ချူးအိမ်တွင်လဲ ထယ်ရယ်ကသားတစ်ယောက်လို အချစ်ခံရပြန်သည်။
ဆော့မတ်ချူးနဲ့ကင်ခ်ထယ်ရယ်ဟာ အချစ်ခံလေးများသာဖြစ်သည်။

Minimal Warm(Complete)Where stories live. Discover now