~3~

400 46 7
                                    

"ချစ်မိသွားပြီ"

"ဘာ!!!"

ခံစားချက်အပြည့်ဖြင့် ရင်ဖွင့်မိတဲ့ Rickyမှာ ဘေးမှနှစ်ယောက်ရဲ့ အော်သံကြောင့်လန့်သွားရသည်။

ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းအပြီး Kim Taeraeဆိုတဲ့ကလေးအား အရူးအမူးဖြစ်နေသူတစ်ဦးရှိသည်။
ချိုမြတဲ့ အသံလေးကြောင့်လား သိပ်လှတဲ့ပါးချိုင့်လေးကြောင့်လား ရေခဲတုန်းလေးလိုဖြစ်တည်မှုကြောင့်လား ဆိုတာတော့ ကာဃကံရှင် Rickyကိုယ်တိုင်တောင်မသိလိုက်ပါ။

ဘာဘဲဖြစ်ဖြစ် Kim Taeraeဟာ သူ့ရဲ့ဖူးစာဖက်ဖြစ်ကြောင်း သူသေချာသည်။

"ပြောနေကြာတယ် အစိမ်းတုံးလေးကိုသွားချောင်းကြည့်ရအုံးမယ် ဒီနေ့အတွက် ကလေးလေးကို မတွေ့ရသေးဘူး"

ကလေး ကလေးဆိုတာကို ပါးစပ်ကမချတဲ့Rickyကို ဘေးမှနှစ်ယောက်ကစိတ်ကုန်နေဟန်ကြည့်နေကြသည်။
သူကတော့ဂရုမစိုက်ပါ။သူ့နှလုံးခုန်သံတောင် ဒုတ် ဒုတ်နဲ့မမြည်ဘဲကလေးလေး ကလေးလေးဆိုပြီး မြည်နေတာ သူသာသိသည်။

"အဟမ်း ငါ ဂျူနီယာလေးတွေဆီသွားတွေ့လိုက်အုံးမယ်"

သူ့ အစိမ်းလုံးဆီသွားချောင်းမှာကိုစကားကြီးစကားကျယ်ပြောနေသောကြောင့် Gyuတို့ကမသိချင်ယောင်ဆောင်လိုက်သည်။

"မင်းတို့ရော မလိုက်ဘူးလား"

"မလိုက်ဘူး ဂယူက  ယူဂျင်းနီးကို သွားကြောင်အုံးမှာ ငါကတော့ စီနီယာဟာအိုကိုသွားပိုးရအုံးမယ် မအားဘူး"

ဂွမ်းဝုအပြောကို ရစ်ခီက နှာခေါင်းရှုံ့၏။

"အေးပါကွာ ကိုယ်စီကိုယ်စီ ဖွန်ကြောင်နိုင်ပါစေ"

၃ယောက်ပေါင်းလောင်းကျော်ဆိုတဲ့အတိုင်း လူတော်တော်များများ ကြားမှာတော့ သူတို့ဟာ Cool Guyများသာ။
ဒါပေမယ့် သူတို့၃ယောက်ဘဲသိသည့်အမှန်တရားဟာ အားလုံးဟာ မရသေးတဲ့ဘဲကိုကြောက်နေရသည့် ဘောက်ကြဲများသာ ဖြစ်သည်။

"အစိမ်းလုံး!!"

ကိုယ်ခေါ်တော့ စာထဲသေချာအာရုံစိုက်နေတဲ့ကောင်လေးက စာသင်ခန်းတံခါးဝဆီသို့လှမ်းကြည့်၏။

Minimal Warm(Complete)Where stories live. Discover now