~6~(Final)

487 46 4
                                    

ရစ်ခီနှင့်မတွေ့ခင်အချိန်တွင်~~

"မေမေ သားအိပ်ယာဝင်တော့မယ်နော်"

ညစဉ်ညတိုင်း ပုံမှန်လုပ်နေကျ ဖေဖေနှင့်မေမေ့ကို ကန်တော့ပြီးနောက် ထယ်ရယ်အိပ်ယာဝင်ဖို့ပြင်လိုက်သည်။
ပုံမှန်လဲ စာအချိန်ခဏပေးလုပ်ပြီး အိပ်ယာဝင်တတ်တာကြောင့် အချိန်ကျလာတော့ မျက်လုံးများဟာစင်းကျလာသည်။
အိပ်ယာထက် အိမ်မယ်ကြံခါမှ..
ဖုန်းသံကျယ်ကျယ်ကြောင့် လန့်သွားရသည်။

"ဘယ်သူက ဒီအချိန်ကြီး ဖုန်းဆက်တာလဲ!"

အိပ်ချင်နေတဲ့မျက်လုံးများကျယ်သွားရသည်မို့ စိတ်ကလေးတိုချင်လာတာကြောင့်
ဖုန်းခေါ်လာသူကိုကြည့်လိုက်တော့ မတ်ချူးဖြစ်နေသည်။

"ပြော ဒီအချိန်ကြီးဘာလို့ဆက်တာလဲ အိပ်တော့မလို့ပါဆို"

အပြောနဲ့အတူနှခမ်းလေးကလဲဆူထော်နေ၏။

"အခုချက်ချင်း Lineဖွင့်လိုက် ငါပုံပို့ထားတယ်!"

ထိုစကားသာပြော၍ ဖုန်းကိုချက်ချင်းချသွားသည်။
မရေမရာစိတ်တွေနှင့် ထယ်ရယ် Lineဖွင့်ကြည့်တော့ IGမှ မတ်ချူးပို့ထားသောပုံအား တွေ့လိုက်ရတော့သည်။

ပုံမှာ စီနီယာရစ်ခီ၏လက်ကိုမဆွဲရုံတမယ်ကပ်နေသောကောင်မလေးနှင့် ထိုကောင်မလေးအားပြန်ပြုံးပြနေသောစီနီယာတို့၏ပုံဖြစ်သည်။

ထယ်ရယ် မတ်ချူးအား ချက်ခြင်းပင်ဖုန်းပြန်ခေါ်လိုက်သည်။

"ဟယ်လို မတ်ချူး! စီနီယာတို့က ဘယ်မှာရှိနေတာလဲ အဲဒီကောင်မလေးကရော ဘယ်သူလဲ စီနီယာနဲ့ဘယ်လိုပတ်သက်တာလဲ"

"ငါကဘယ်လိုသိမှာလဲ IGမှာ စီနီယာတစ်ယောက်တင်ထားတာတွေ့လို့ မင်းကိုလှမ်းပို့ပေးတာ ပြီးတော့ Caption က
'My Future Husband' တဲ့"

"ဘာ!!!!"

ထယ်ရယ်အသံကြောင့် ဖုန်းနားနားကပ်ထားသောမတ်ချူးမှာနားပင်အူသွားရသည်။
သူငယ်ချင်းလေးတစ်ယောက်ရှိတာ မပြောရင်လဲမပြောဘူး ​အော်ရင်လဲအသံကအောင်သည်။

"ကြည့်ရပုံအရ Barတစ်ခုဖြစ်မယ် အဲဒီပုံထဲမှာ Bar နာမည်ပါတယ်လေ"

You've reached the end of published parts.

⏰ Last updated: Jul 21, 2023 ⏰

Add this story to your Library to get notified about new parts!

Minimal Warm(Complete)Where stories live. Discover now