~4~

387 46 2
                                    

"ထယ်ရယ် မင်းအတွက်"

ဆွဲဆောင်မှုရှိတဲ့အပြုံးနှင့်အတူ ကမ်းပေးလာသော စတော်ဘယ်ရီရေခဲမုန့်အား ထယ်ရယ်ချက်ခြင်းမယူမိ။

"စီနီယာ ကျွန်တော့်ကိုမနှောက်ယှက်လို့ရမလား"

သူ့နောက်ကိုလိုက်၍ တစ်နေ့တစ်မျိုးမရိုးရအောင် မုန့်အမျိုးမျိုးပေးလာသည်မှာ တစ်ပတ်ကျော်နေပြီ။
ထယ်ရယ့်အတွက် ဒီလိုကြီးက အနှောက်အယှက်ဖြစ်ရသည်။
နောက်ပြီး စီနီယာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးယဥ်ခြင်းခံရသောမင်းသားလေးဖြစ်သည်။
စီနီယာက ထယ်ရယ့်ကိုဦးစားပေးဆက်ဆံသလိုဖြစ်နေတဲ့အပေါ် အတန်းထဲမှမိန်းကလေးအချို့ကသဘောမကျသလို စီနီယာအစ်မတွေကလဲ တစ်မျိုးတစ်ဖုံ ထယ်ရယ့်အား ခနဲ့လာကြသည်။

အေးအေးဆေးဆေး နေချင်တဲ့ထယ်ရယ့်အတွက် ထိုအခြေအနေက အရမ်းကိုမွန်းကြပ်ဖို့ကောင်းသည်။
စီနီယာနဲ့ စကားပြောရတာ အဆင်ပြေတာကြောင့် ပြန်ပြောဖြစ်ပေမယ့် အရမ်းကြီးတော့မရင်းနှီးချင်ပါ။
သူ့တွင် မတ်ချူးလို သူငယ်ချင်းတစ်ယောက်ရှိနေတာနဲ့တင်လုံလောက်ပါသည်။

"ကလေးအတွက် ကိုယ်ကအနှောက်အယှက်ဖြစ်စေတာလား"

မျက်နှာမသာမယာနဲ့ပြောလာသူ စီနီယာအား အနည်းငယ်အားနာမိပေမယ့် ထယ်ရယ်ခေါင်းငြိမ့်လိုက်မိသည်။

"အိုခေ ကိုယ်မနှောက်ယှက်တော့ဘူး"

ဟုဆိုကာချက်ခြင်းလှည့်ထွက်သွားသူ။
ပြောရခက်မယ်ထင်ပေမယ့် ထယ်ရယ်​တောင်းဆိုတော့ ချက်ခြင်းလက်ခံပေးလို့ ကျေးဇူးတင်မိပေမယ့်
တစ်ဖက်ကလဲထိုစိတ်ကိုမကြိုက်ချင်ဖြစ်နေသည်။

သူ့စိတ်ထဲ ဘာတွေတွေးနေမိလဲထယ်ရယ်မသိတော့။

အဲဒီနေ့ကစပြီး ထယ်ရယ်ရဲ့နေ့ရက်တွေဟာ ပုံမှန်ဖြစ်လို့သွားသည်။အနားတွင် ဂရုစိုက်ပေးမယ့် စီီနီယာချောချောလဲမရှိတော့။

"ထယ်ရယ် စီနီယာ ရစ်ခီ ရန်ဖြစ်လို့တဲ့"

မတ်ချူးက ရေခဲမုန့်သွားဝယ်နေရာက အတန်းထဲကျန်ခဲ့တဲ့ထယ်ရယ့်ကို လာပြောခြင်းဖြစ်သည်။

Minimal Warm(Complete)Where stories live. Discover now