~2~

448 59 1
                                    

"မင်းကိုခေါ်နေတာ မကြားဘူးလား"

ရစ်ခီမှာ ရှေ့က မျက်မှန်နဲ့အစိမ်းလုံးကို သိပ်စိတ်မရှည်ချင်တော့။ဘေးနားမှ ကလေးရုပ်လေးနဲ့ကောင်လေးကလဲ သူ့သူငယ်ချင်းလက်ကို ဆွဲထားတာများ တင်းတင်းကျပ်ကျပ်။
မသိရင် သူတို့က ကလေးပြန်ပေးဆွဲတဲ့လူဆိုးတွေလို။

"ဟေ့ အစိမ်းလုံး ကိုက်မစားဘူး အနားအမြန်လာ အတန်းချိန်နီးနေပြီ"

ထယ်ရယ် လူစိမ်းတွေနဲ့စကားမပြောချင်။အရှေ့က ကြောက်ဖို့ကောင်းတဲ့စီနီယာလို လူတွေဆို ထယ်ရယ် ရှောင်ပြေးချင်တာဖြစ်သည်။
သို့ပေမယ့် မျက်နှာကြီးတင်း၍ ခေါ်လာတာကြောင့် ကြောက်ကြောက်နဲ့စီနီယာရှေ့သွားဖို့လုပ်ရသည် ဘေးနားမှာ မတ်ချူးလက်တွေကို ဆွဲထားဖို့လဲမမေ့။

မီးရထားတွဲလို အတွဲလိုက်ပါလာသော ကောင်လေးနှစ်ယောက်အားကြည့်၍ ရစ်ခီသာမက ဂယူနဲ့ဂွန်းဝု ကပါ ခိုးရယ်နေရသည်။ပေါ်တင်တော့ မရယ်ရဲ တော်ကြာ သူတို့ကိုလှောင်ပါတယ်ဆိုပြီး အော်ငိုလိုက်မှဖြင့်။

ရစ်ခီတို့၃ဦးသည် တစ်ကျောင်းလုံးတွင် ရုပ်ရည်ရော နောက်ခံကြောင့်ပါ နာမည်ကြီးသည်။
အားလုံးထဲတွင် ရစ်ခီကနာမည်အကြီးဆုံးဖြစ်သည်။
အကြောင်းအရင်းမှာ ရစ်ခီ့မိဘတွေက ဒီကျောင်းရဲ့ပိုင်ရှင်တွေဖြစ်ပြီး တရုတ်မှာရော ကိုးရီးယားမှာပါ ဟိုတယ်အမြောက်အမြားပိုင်ဆိုင်ထားသည်။ Rickyကိုယ်တိုင်မှာလဲ ကိုယ်ပိုင်Brand ဖြစ်တဲ့Role Modelတံဆိတ်နှင့် အဝတ်အထည် အသုံးအဆောင်တို့ကို ထုတ်လုပ်သည့် ကိုယ်ပိုင်ကုမ္မဏီ ပိုင်ဆိုင်ထားသည်။

ရုပ်ရည်အရဆိုရင်တော့ ငွေရောင်ဆံပင်တွေနှင့်လိုက်ဖက်စွာ တရုတ် ကိုးရီယားစပ် ဆိုတဲ့အတိုင်းကြည့်ကောင်းသည်ထက် ပိုသောရုပ်ရည်ကိုပိုင်ဆိုင်ထားသည်။ရှည်လျားတဲ့အရပ်နှင့်အတူ တောင့်တင်းတဲ့Bodyလဲရှိသည်။

အထူးခြားဆုံးက ပြုံးလိုက်ရင်ဖြစ်၏။ရစ်ခီ ကပြုံးတာရယ်တာနည်းသည်။စကားလဲအပိုမပြောတတ် သို့ပေမယ့် 'ရစ်ခီအပြုံးကိုမြင်ရင် ရူးခါသွားမည်'ဟူသော ဆောင်ပုဒ်သည် ကျောင်းတွင်း မိန်းကလေးအများစုဆီမှ ပေါ်ပေါက်လာခြင်းဖြစ်ပါ၏။

Minimal Warm(Complete)Where stories live. Discover now