chapter 10

592 113 6
                                    

[Zawgyi]


ခေါင်မိုးအုပ်ကြွပ်ပြားတွေက အသံတိုးတိုးနှင့်တဂျောက်ဂျောက်မြည်နေသည်။အသံအရ လူတစ်ယောက်ထက်မက ရှိနေသည်။

မိုကျွယ်ချန်က တကယ်ပင် အဝိုင်းခံနေရသည်။

မိုကျွယ်ချန်က နဉ်ရှု၏အိပ်ရာထဲ တိုးဝင်သွားခဲ့သည်။

'နင်တို့လိုချင်နေတဲ့ နတ်ဆိုးကဒီမှာ !'လို့ နဉ်ရှုတကယ်ပဲ အော်လိုက်ချင်သည်။

ခဏအကြာတွင် ခေါင်မိုးပေါ်မှအသံများ ပျောက်ကွယ်သွားသည်။

မိုကျွယ်ချန်၏မျက်နှာက နီရဲနေပြီး စောင်ထဲမှခေါင်းပြူထွက်လာသည်။သူက စောင်မပြီး သူ့ဆံပင်ကိုသပ်လိုက်သည်။"ဒါကရွံစရာပဲ။ဖက်တီးမရဲ့စောင်က ရွံစရာကောင်းတဲ့ အဆီနံ့တွေရတယ်။"

နဉ်ရှု : →_→

ဘယ်သူ့မှ သူ့ကိုအဲ့မှာ အတင်းမအိပ်ခိုင်းခဲ့ပါဘူး။

"နင် ညလယ်ကြီး ငါ့အခန်းမှာဘာလုပ်နေတာလဲ?နင့်ကို ငါ့အခန်းထဲဝင်ခွင့်ပြုလို့လား?" နဉ်ရှုက မိုကျွယ်ချန်ကို မျက်နှာသေနှင့်စိုက်ကြည့်နေခဲ့သည်။

သူမ သူ့ကိုကိုင်တွယ်ဖို့ တုတ်မသုံးခဲ့သင့်ဘူး ၊ သူမ သူ့ကိုသေအောင်ဓားနဲ့ထိုးခဲ့သင့်တာ။

ကုရွဲ့က ပုလင်းတစ်ခုထုတ်ယူပြီး ဆေးလုံးတစ်လုံးကို မိုကျွယ်ချန်၏လက်ထဲ လှုပ်ထည့်ပေးလိုက်သည်။"ယူလိုက်"

မိုကျွယ်ချန်က ခေါင်းငုံ့ကာ ဆေးကိုမျိုချသည်။သူက သူ့ရဲ့ဆံပင်ကိုနောက်သပ်တင်လိုက်တယ်။
"ငါ မင်းအခန်းထဲဝင်ချင်တယ်လို့များ မင်းထင်နေလား? အဲဒီလူတွေက အရမ်းမာနကြီးတယ်။သူတို့က မိန်းမတစ်ယောက်ရဲ့အခန်းထဲ လုံးဝမ၀င်ဘူး ၊ လူတစ်ယောက်ကိုရှာဖို့ဆို ပြောမနေနဲ့။"

"ငါက ဖက်တီးမိန်းမတစ်ယောက်ရဲ့ အခန်းထဲဝင်မယ်လို့သူတို့လုံးဝထင်မှာမဟုတ်ဘူး။"

နဉ်ရှု : ....

ဒီအရိုင်းအစိုင်းကောင်....

"နင် ချီးစားထားတာလား?နင့်ရဲ့စကားတွေက အနံ့ဆိုးထွက်နေလို့။"နဉ်ရှုက မိုကျွယ်ချန်ကိုစိုက်ကြည့်နေခဲ့သည်။

Merchant's Daughter(Realm 34)Where stories live. Discover now