Chapter 13

303 66 1
                                    

[Zawgyi]

ဒါသာ တကယ်ရတနာမြေပုံဆိုရင် အဲနေရာမှာ ဘာရတနာတွေများ ဝှက်ထားလဲ နဉ်ရှု သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

နဉ်ရှု မူလပိုင်ရှင်ရဲ့ဆန္ဒကို မသိသလို သူမ တန်ပြန်တိုက်ခိုက်ချင်တဲ့အရာကိုလည်း သူမ(NS) မသိဘူး။

ကုရွဲ့က ထွက်သွားမယ်ဆိုမှတော့ ဖန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို သူမ ကာကွယ်ရမည်။

ဘယ်လိုအဖြစ်အပျက်မျိုးက ဖန်လန်ရှင်းကို အရူးအမူး တန်ပြန်တိုက်ခိုက်ဖို့ သူမ ဝိညာဉ်ကို စတေးစေခဲ့လည်း သူမ(NS) မသိဘူး။

နဉ်ရှု ကျင့်ကြံဖို့ စိတ်မပါတော့တာကြောင့် သူမ အိပ်ရာပေါ်လှဲအိပ်လိုက်သည်။

အဆုံးတွင် နောက်တစ်နေ့ မိုးလင်းတဲ့ထိ သူမ အိပ်ပျော်သွားခဲ့တယ်။

နဉ်ရှု မျက်လုံးဖွင့်လိုက်ချိန်တွင် သူမ အဝတ်အစားတွေခေါက်နေတဲ့ ရှီးထုန်ကို တွေ့လိုက်ရသည်

"သခင်မလေး နိုးလာပြီပဲ။" နဉ်ရှု ပြန်ဖြေတဲ့အနေနဲ့ အသံပြုလိုက်သည်။သူမ အကြောဆန့်ပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ဖုန်တွေ ငြိမ်သက်သွားသလို သူမ ခံစားရသည်။အရင်က အဲဒါဘာလဲဆိုတာ သူမ မသိပေမဲ့ အခု သူမ အဲဒါကိုရှာတွေ့သွားတော့ သူမ စိတ်သက်သာသွားသည်။သူမ လေထဲတွဲလောင်းချခံထားရသလို မခံစားရတော့ပေ။

"သခင်မလေး ၊ သခင်မလေး မနေ့ကဝတ်တဲ့အဝတ်တွေဘယ်‌ရောက်နေတာလဲ?" ရှီးထုန်က အဝတ်ဗီဒိုထဲက နဉ်ရှုရဲ့အဝတ်တွေကိုရှာဖွေနေသည်။နဉ်ရှု လက်ဆန့်ပြီး သူမ ခေါင်းအုံးအောက်က ချုံ့အိတ်ကိုထိလိုက်သည်။

နဉ်ရှုက "အင်တုံထဲမှာ။ငါ မနေ့က ကောင်းကောင်းအိပ်မပျော်တာနဲ့ ရေချိုးလိုက်တာ"လို့ပြောလိုက်သည်။

ရှီးထုန်က အမြန်ပြောလာသည် "သခင်မလေး  ရေချိုးချင်တာ ဘာလို့ ကျွန်မကိုမခေါ်ရတာလဲ?ဒီလောက်အေးနေတာ သခင်မလေး မီးဖိုဖို့လိုမှာပဲ။မဟုတ်ရင် သခင်မလေး အအေးမိသွားလိမ့်မယ်။"

"ငါဒီတိုင်းချိုးလိုက်တာပဲ။အဆင်ပြေပါတယ်။"နဉ်ရှုက သာမန်ကာလျှံပြောလိုက်သည်။

Merchant's Daughter(Realm 34)Kde žijí příběhy. Začni objevovat