Chapter 19

613 99 8
                                    

[Zawgyi]

မိုကျွယ်ချန်က သူ့ကိုယ်ပိုင်အရည်အချင်းပေါ် အကြွင်းမဲ့ယုံကြည်ချက်ရှိသည်။သင်္ချိုင်းထဲ သူသေမယ်လို့ သူ မထင်ပေ။ထိုအစား သူက ချန်မင်းဇီကို အထင်သေးသည်။

ချန်မင်းဇီက မိုကျွယ်ချန်ရဲ့သဘောထားကို ဂရုမစိုက်ပေ။သူ့က သူ့မုတ်ဆိတ်မွေးကိုသပ်ရင်း တည်ငြိမ်စွာပြောလိုက်သည်။"ဒါကမင်းလူတွေအများအပြား သတ်ခဲ့တာကြောင့်ပဲ။မင်းသွားမဲ့နေရာက ယင်စွမ်းအင်တွေနဲ့ ပြည့်နေတဲ့နေရာ။မင်း ဒုက္ခရောက်နိုင်‌ချေရှိတယ်။"

မိုကျွယ်ချန်က သူ့လက်ဖက်ရည်ကို သောက်လိုက်သည်။သူက သိပ်မတွေးပေ။ဒီတာအိုဘုန်းကြီးက လူလိမ်လို့ သူထင်နေသည်။

မိုကျွယ်ချန်က သူ့ကိုရယ်သွမ်းသွေးလျက် ကြည့်လိုက်သည်။"တစ္ဆေတွေတောင် ငါ့ရဲ့ဆိုးယုတ်တဲ့အရောင်အဝါကို ကြောက်ကြတယ်။"

"ဒါပေမဲ့ သင်္ချိုင်းထဲ တကယ်ပဲ ဆိုးယုတ်တဲ့အရာတစ်ခုခုရှိရင် မင်းက ဒုက္ခရောက်နိုင်ချေအများဆုံးပဲ။"

"ကုရွဲ့ထက် ငါလူပိုသတ်ခဲ့ရင် ဒါဆိုကုရွဲ့လိုလူက အရင်ဆုံးသေသင့်တယ်။"

"သခင်လေးကုကို နဂါးချီက ကာကွယ်ထားပါတယ်။"

နဉ်ရှု မျက်လုံးများ မှေးစဉ်းသွားပြီး ကုရွဲ့ကိုကြည့်လိုက်သည်။ကုရွဲ့ သူ့နိုင်ငံကို ပြန်တည်ထောင်တာ တကယ်အောင်မြင်နိုင်မှာလား?

သူမ သိခဲ့ရင် တာအိုချီဂမ္ဘီရတွက်ချက်တဲ့စွမ်းရည်ကို သင်ယူခဲ့မှာပေါ့။လူအိုကြီးထောင်ဆီကနေ အဆောင်ဆွဲနည်းတွေ သူမ သင်ယူလို့ရသည်။

ဤချီဂမ္ဘီရတွက်ချက်တဲ့စွမ်းရည်က လူတစ်ယောက်ရဲ့ကံကို မြင်နိုင်သည်။

ဒီလိုချီမျိုး ပိုင်ဆိုင်ထားတဲ့လူတွေက ချမ်းသာကြွယ်ဝသူ မဟုတ်ရင် ဂုဏ်သရေရှိတဲ့သူတွေပဲ။

ဘယ်အရာကိုမဆို သင်ယူဖို့ သူမ အလွန် အလျင်လိုနေခဲ့သည်။

ချန်မင်းဇီက နဉ်ရှုကို ကြည့်ပြီး အကဲဖြတ်နေခဲ့သည်။သူက ရှုပ်ထွေးနေပြီး သူ့လက်ချောင်းနှင့်ပင် တွက်ချက်လိုက်သေးသည်။

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

Merchant's Daughter(Realm 34)Where stories live. Discover now