1.2

645 86 4
                                    

ဒါက ဘာကြီးလည်းကွာ?

ဖူယွမ်ကျိုးရဲ့မျက်နှာအမူအရာကအံ့အားသင့်သွားခဲ့တယ်..အီလက်ထရွန်းနစ်အထိန်းအချုပ်ပစ္စည်းတွေလိုမျိုး စိုးရိမ်ဖွယ်ဆက်နွယ်မှုတွေရှိနေတာကြောင့် ရေချိုးခန်းထဲကနေအမြန်ထွက်လာလိုက်ပြီး လက်ကိုင်ဖုန်းကိုယူကာ အင်တာနက်ပေါ်မှာ "အိုင်ဒီနံပါတ်နဲ့ ကော်လာ" ဆိုပြီးရှာဖွေခဲ့တယ်

ဒီရှာဖွေမှုနဲ့ဆက်စပ်နေတဲ့ ရလဒ်တွေအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်...
ဖူယွမ်ကျိုးက အပေါ်ယံတွေ့တဲ့တစ်ခုကို နှိပ်လိုက်ရုံနဲ့ သူကရှင်းပြလာသည်- -

[အိုမီဂါ အထူးထိန်းချုပ်ခြင်းကော်လာ:- ဖယ်ရိုမုန်း လျှံထွက်လာခြင်းကိုထိန်းချုပ်ဖို့အတွက် အသုံးပြုနိုင်သည်..အမျိုးသား(သို့)အမျိုးသမီး ခွဲခြားပြီးတဲ့နောက်မှာ သက်ဆိုင်ရာဌာနများက Omegaများအတွက် ထိန်းချုပ်ခြင်းကော်လာများကို အခမဲ့ထုတ်ပေးမည်ဖြစ်ပါသည် ပျောက်ဆုံးသွားပါက မိမိတို့၏ ID ကတ်များဖြင့် ပြန်လည်လျှောက်ထားနိုင်ပြီး အခကြေးငွေပေးဆောင်ရမည်ဖြစ်ပါသည်]

【ကော်လာအတု‌တွေကြောင့်ဖြစ်လာနိုင်ချေရှိတဲ့ မတော်တဆမှုတွေကိုတားဆီးဖို့ရန်အတွက် ထိန်းချုပ်ခြင်းကော်လာတစ်ခုစီတိုင်းကို ID နံပါတ်နဲ့တံဆိပ်ရိုက်နှိက်ထားပြီး အတုလုပ်ခြင်းမှကာကွယ်ထားပါသည် 】

[အကာအကွယ်ကော်လာများကို စိတ်လိုလက်ရဝတ်ဆင်ကြပါသည်..တကယ်လို့ ကော်လာကိုမဝတ်ချင်ဘူးဆိုပါက အကာအကွယ်ငုံဆေးပြားငုံတာမျိုး ဖယ်ရိုမုန်းထိန်းချုပ်ဆေးများ ထိုးခြင်းမျိုးကိုလည်း ပြုလုပ်နိုင်ပါသည်]

【.......】

အိုမီဂါ! ဖယ်ရိုမုန်း! ဖိနှိပ်မှုကော်လာ! အဲ့ဒါတွေက ဘာတွေလဲ?

ဖူယွမ်ကျိုး စားပွဲပေါ်မှာရှိနေတဲ့ ကော်လာကို မသိစိတ်က တစ်ချက်ကြည့်လိုက်သည်

ဒီထိန်းချုပ်ခြင်းကော်လာက သူ့အတွက် သီးသန့်ဖြစ်တာကြောင့် သူက "အိုမီဂါ"တစ်ယောက်လို့ပြောချင်တာလား? ဒါက လူသားမျိုးရိုးတစ်ခုခုများ ဖြစ်နိုင်သလား?

Omega အဖြစ်ပြန်လည်မွေးဖွားလာပြီးနောက် လူတိုင်းက ငါ့ကိုလက်ထပ်ရန် ငြင်းခုန်နေကြတယ်Where stories live. Discover now