6 Zaw

182 6 1
                                    

ရန်ရှုတန်က လက်ထဲ၌စာအုပ်အသေးလေးတစ်အုပ်ကို ကိုင်ထားခဲ့ပြီး နေရာတစ်ခုတွင် ရပ်နေကာ တိတ်ဆိတ်စွာ စာဖတ်နေခဲ့သည်.. သူ၏ကျောပေါ်တွင် လွယ်အိတ်ကိုလွယ် ထားသော်ငြား ထင်းရှူးပင်ကဲ့သို့ တည့် တည့်မတ်မတ်ရပ်နေကာ သူ့ရဲ့ ပုံရိပ်ကချောမောကာ တိတ်ဆိတ်နေခဲ့ပြီး ဝတ်ထားသော ကျောင်းယူနီဖောင်းမှာလည်း သန့်ရှင်းသပ်ရပ်နေတာကြောင့် မျက်လုံးအေးစရာမြင်ကွင်းပင်ဖြစ်နေလေသည်

သူက စာအုပ်အား သေသေချာချာအာရုံစိုက်၍ဖတ်နေခဲ့တာကြောင့် မီတာအနည်းငယ်အကွာလောက်တွင် ရပ်နေသော ဖူယွမ်ကျိုးကို သတိမထားမိပေ.. ဖူယွမ်ကျိုးက တော်တော်လေးဝမ်းသာသွားပြီး စကားသွားပြောပစ်လိုက်ချင်သည်... ဒါပေမယ့်လည်း ကျောင်းမှာတုန်းက ရန်ရှုတန်ကို စနောက်ခဲ့ရသည်ကပင် လုံလောက်နေပါပြီဟု တွေးမိလိုက်သည်... ကျောင်းပြင်ပမှာတော့ သူတို့တွေ အဆက်အသွယ်ရှိဖို့ မလိုလောက်ဘူး

ဖူယွမ်ကျိုးက သူ့ရဲ့စကားအပေါ် ရန်ရှုတန်က ဘာကြောင့်များ အရမ်းတုန့်ပြန်ခဲ့သလဲဆိုတာကို သိချင်နေခဲ့ပေမယ့် တစ်ဖက်လူက သူ့အား ထိုအကြောင်းကိုပြောပြမှာမဟုတ်ဘူးဆိုတာကိုတော့ သူသိပါသေးသည်

သူ အကြည့်တွေကို ပြန်ရုတ်သိမ်းမလို့လုပ် လိုက်ပေမယ့် ဒီအချိန်မှာ  ရန်ရှူတန်က ရုတ်တရက်ကျောင်းယူနီဖောင်းအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး အိတ်ထဲမှ ရထားကဒ်က မတော်တဆပြုတ်ကျသွားသည်ကို တွေ့လိုက်ရလေသည်..ဒါပေမယ့် ရန်ရှုတန်က မြေပြင်ပေါ်သို့ကျသွားသောကဒ်ကို သတိမထားမိသေးပေ..သူက မက်ဆေ့အား စာပြန်ပြီးနောက် ဖုန်းကိုပြန်ထည့်လိုက်ပြီး လက်ထဲမှ စာအုပ်အားပြန်ဖတ်နေလေ၏

ရန်ရှုတန်က တစ်ယောက်တည်း ရထားကို စောင့်နေခဲ့သည်ဖြစ်ရာ သူ့ကဒ်အားပြန်ကောက်ရန် သတိပေးဖို့ အနားမှာ လူတစ်ဦးတစ်ယောက်မျှမရှိနေပေ... သိပ်မကြာခင်တွင် တစ်ခြားခရီးသည်များရောက်ရှိလာသော်လည်း မည်သူကမျှကဒ်ကိုသတိမထားမိကြပေ

ဖူယွမ်ကျိုးတစ်ယောက် ခဏတာမျှ အတွေး များနေလေသည်... သူက ကဒ်ကျသွားသည်ကို မြင်လိုက်သော်လည်း ရန်ရှုတန်အားသတိမပေးခဲ့ပေ.. ဒါက နည်းနည်းတော့ ရက်စက်ပုံပေါက်နေ၏.. သူကပြိုင်ဘက်အပေါ်နားလည်မှုမပေးနိုင်‌ပေမယ့်လည်း တစ်ဖက်သူ ပစ္စည်းပျောက်သွားတဲ့ အခြေအနေအပေါ်မှာတော့ သူမပျော်နိုင်ပေ... ဒီလိုမျိုးကိုသာ ပျော်ရွှင်ဝမ်းမြောက်မိမယ်ဆိုရင် သူက တော်တော်ကို အောက်ကျသွားပေလိမ့်မည်

You've reached the end of published parts.

⏰ Last updated: Sep 30, 2023 ⏰

Add this story to your Library to get notified about new parts!

Omega အဖြစ်ပြန်လည်မွေးဖွားလာပြီးနောက် လူတိုင်းက ငါ့ကိုလက်ထပ်ရန် ငြင်းခုန်နေကြတယ်Where stories live. Discover now