intro

317 8 2
                                    

ကျွန်တော်လေ ရုပ်ရှင်တွေထဲ
သုံးပွင့်ဆိုင်လာပြီဆို မင်းသမီးက ဘာလို့
သူမကိုအရမ်းချစ်တဲ့ယောကျ်ားကိုမရွေးဘဲ
တခြားတစ်ယောက်ကိုရွေးခြယ်သွားတာလဲဆိုပြီး
သူမကိုနားမလည်နိုင်ခဲ့ဘူး..

ဒါပင်မယ့်အခုတော့ ကျွန်တော်သူမကို
ကောင်းကောင်းကြီးနားလည်သွားပြီ

အချစ်ခံရတယ်ဆိုတာ...
ချစ်တဲ့လူအပေါ်မူတည်ပြီး
အမျိုးမျိုးကွဲပြားတာများလား?

ဟင့်အင်း တစ်ခါတစ်လေ လူတွေက
အားပြင်းတဲ့ ရယူလိုမှုတစ်ခုကို
အချစ်နဲ့မှားနေကြပုံဘဲ

ကျွန်တော်သိတဲ့အချစ်ဆိုတာတော့
သိပ်ကိုနူးညံ့ပြီးနွေးထွေးတယ်

ဘယ်ကစပြီးမှားသွားတာလဲဆိုတာ
ကျွန်တော်မသိဘူးဒါပင်မယ့်
ကျွန်တော်သိလိုက်တဲ့အချိန်မှာ
ပြန်ပြင်လို့မရအောင် ဆုံးဆုံးမြုပ်နေပြီ

ခင်ဗျား နှလုံးသားရဲ့အနက်ရိုင်းဆုံးနေရာကို
သွားကြည့်ရင် ကျွန်တော်ရှိရင်ရှိနေလိမ့်မယ်...

ကျွန်တော့်နှလုံးသားထဲမှာတော့
ခင်ဗျားပေးတဲ့ဒဏ်ရာတွေနဲ့ရစရာမရှိအောင်
စုတ်ပြတ်သတ်ပေါက်ပြဲနေပြီဗျ...

ကျွန်တော်ဟာ ရေနက်ထဲက ပြန်မတက်နိုင်တဲ့
ကူကယ်ရာမဲ့တစ်ယောက်လိုမျိုး
ရရာအကူအညီကိုငိုယိုပြီးတောင်းနေမိတယ်

အကူအညီလဲရရော
ကျွန်တော့ကို နစ်မွန်းစေတဲ့ရေတွေနဲ့
မခွဲနိုင်ပြန်ဘူး...

တစ်ခါတစ်လေကျတော့လဲ
ကျွန်တော့်ဘာဖြစ်ချင်မှန်းကိုတောင်
ကျွန်တော်မသိဘဲ ခင်ဗျားကိုကျ
နားလည်ပေးချင်မိပြန်ရော

ခင်ဗျားရောဟင်...
ခင်ဗျားကကျွန်တော့ကို
အရမ်းချစ်ပါတယ်လို့ဆိုတယ်...

ဒါပင်မယ့်တကယ်တမ်းကျ
ရယူလိုစိတ်နဲ့ တကယ့် အချစ်ကို
ခင်ဗျားမကွဲပြန်ဘူး...

#ပေါက်စ🐶

..အသက်စေရာ..Where stories live. Discover now