Part(2)

61 4 0
                                    

သူရိန်၏ရုံးအခန်းထဲတွင် လူမိုက်များဟုထင်ရသော သူများသည် တန်းစီကာ မတ်တပ်ရပ်နေကြ၏

ထိုသူများ၏အရှေ့တွင် ရပ်နေသူမှာ
သူရိန်ပင်ဖြစ်၏

အဖြူရောင်အကျီအောက်မှာအနက်ရောင်ကုတ်အကျီ၊နတ်ကတိုင်အနက်ရောင်ဖြင့် အောက်မှာလည်း အနက်ရောင်ဘောင်းဘီကို အနောက်တိုင်း
ဆန်ဆန်ဝတ်ဆင်ထားသည်

နက်မှောင်နေတဲ့သူ၏ ဆံပင်တို့ကိုလည်း ဂျယ်များဖြင့် ပင့်တင်ထားကာ လက်ထဲတွင်
လည်း ဖိုင်တစ်ခုကိုကိုင်ထားသည်

ထို့နောက် ဖိုင်ထဲက စာရွက်တွေကို
ဆွဲထုတ်လိုက်ရင်းအရှေ့မှာရပ်နေသော တပည့်များထံ တစ်ယောက်ကိုတစ်ရွက်ပေးကာ...

"ရော့ မင်းက ပဲခူးဘက်က လူတွေကို တာဝန်ယူ၊
မင်းက ပုသိမ်က လူတွေကို တာဝန်ယူ"

"အကိုကြီး အကိုကြီး"

ထိုအချိန် ရုံးခန်းထဲကိုဝင်လာသော သူတစ်ယောက် ထိုသူဘယ်ဘက်ပုခုံးမှာ သေနတ်ပြစ်ခံထားရပုံရှိကာ သွေးများဟာ စိမ့်ထွက်နေသည်

သူရိန်လည်း တာဝန်ခွဲပေးနေရာမှ ခနရပ်ကာ

"ဘာဖြစ်လာတာလဲ..."

"ကျွန်တော် ကိုကြီးခိုင်းထားတဲ့အတိုင်း အကြွေးသွားတောင်းတာ အဲ့ခွေးတတောင်းဇားက မပေးဘဲ ကျွန်တော့်ကို သေနတ်နဲ့ပြစ်ပြီးထွက်ပြေးသွားလို့ပါ..."

ထိုအချိန် သူရိန်ဟာ
တွန့်ချိုးသွားတဲ့မျက်ခုံးတွေနှင့်အတူ...

"အဲ့တော့ မင်းက အလုပ်ကို တာဝန်ကျေအောင်မလုပ်ဘူးဆိုတာ လူတိုင်းရှေ့မှာ ဂုဏ်ယူပြီးလာပြောနေတာလား.."

"အဲ့လိုမဟုတ်ပါဘူးကိုကြီး သေနတ်ဒဏ်ရာကလဲပြင်းတော့ ဆေးရုံအရင်သွားပြီးမှ အဲ့ကောင်ကိုလိုက်ရှာရင်ပိုကောင်းမလားလို့ပါ..."

ထိုအခါ သူရိန်ဟာ ခါးမှာထိုးထားတဲ့သေနတ်ကိုထုတ်လိုက်ရင်း ထိုသူရဲ့ခေါင်းတည့်တည့်သို့
ချိန်လိုက်ပြီး

"ဆေးရုံမသွားခင်
မင်းခေါင်းအရင် ပွင့်သွားချင်လား"

ထိုအခါကြောက်လွန်း၍ တုန်လာသော
ထိုလူရဲ့အသံတွေနဲ့အတူခေါင်းကိုအသေရမ်းကာ..

You've reached the end of published parts.

⏰ Last updated: May 15 ⏰

Add this story to your Library to get notified about new parts!

..အသက်စေရာ..Where stories live. Discover now