Part(1)

66 2 0
                                    

နန်းတော်ကြီးသဖွယ်ကြီးမားလှတဲ့အိမ်ကြီး
တစ်လုံး၏ဂိုထောင်ထဲတွင်ဖြစ်၏။

"အဲ့တာကြောင့်..
စည်းကမ်းလိုက်နာပါလို့
ငါပြောခဲ့တယ်မှတ်လား.."

သူ့ရဲ့မည်းနက်နေတဲ့ဆံပင်တွေကို ဂျယ်နဲ့သပ်သပ်ရပ်ရပ်လှန်တင်ထားပြီးအနောက်တိုင်းအကျီကိုသပ်သပ်ရပ်ရပ်ဝတ်ထားတယ်။

ထိုသူ့ဘေးမှာလဲ အနက်ရောင်suite နဲ့ခပ်တောင့်တောင့်လူနှစ်ယောက်ဟာတစ်ဖက်တစ်ချပ်စီရပ်နေကြတယ်။ထိုသူတွေလက်ထဲမှာသေနတ်တွေလဲကိုင်ထားကြတယ်။

"တောင်း..တောင်းပန်ပါတယ်!!
ကျွန်တော်မှားသွားပါတယ်!!
ကျွန်တော့အသက်ကိုချမ်းသာပေးပါ
ကျေးဇူးပြုပြီး ဒီတကြိမ်ပါဘဲ!!"

ထိုလူသုံးယောက်ရှေ့မှာတော့ ဒူးကိုကွေးနေအောင်ထောက်ထားကာအခုပင်သေရတော့မည့်လူသဖွယ်ကြောက်ရွံမှုများစွာကြောင့်အသားတွေပင်တဆတ်ဆတ်တုန်ကာမျက်ရည်များဟာလည်းအတိုင်းမသိစီးကျနေသောလူတစ်ယောက်..

"အားး ငိုယိုနေလိုက်တာ အရှက်ကိုမရှိဘူးဘဲ..."

"ကျေးဇူးပြုပြီး အဲ့လိုကိစ္စမျိုးဘယ်တော့မှ
ထပ်မဖြစ်စေရပါဘူး ခွင့်လွှတ်ပေးပါ!!"

အဲ့ကောင်က ဒူးထောက်နေရင်းကျွန်တော့
ခြေထောက်ကိုကုန်းဖတ်ကာငိုပြတယ်

ကျွန်တော့မျက်လုံးထဲမှာတော့အဲ့ကောင်
ကိုသနားစရာလို့တစက်ကလေးမျှမထင်ခဲ့ပါ

သူဟာသေလောက်ထဲ့အပြစ်ကိုကျူးလွန်ခဲ့တဲ့ကောင်မို့လို့ ချက်ချင်းငရဲကိုသွားသင့်တယ်

"မင်းမိသားစုကိုတသက်စားမကုန်တဲ့ငွေတွေနဲ့
ထောက်ပံ့ပေးမှာမို့လို့ အခုမင်းမရှိလဲရပြီ...
ရှင်းလိုက်တော့!"

"တောင်းပန်ပါတယ် မလုပ်ပါနဲ့ မလုပ်..."

"ဒိုင်း!!"

အဲ့ကောင်ရဲ့ခေါင်းတခြမ်းဟာသေနတ်
ဒဏ်ကြောင့်ပဲ့ကြေပြီးအလျှင်အမြန်စီးကျလာသောသွေးတွေကိုမြင်တော့..
ကျွန်တော်အားပါးတရပြုံးမိတယ်

"ခွန်းသနဲ့သုတ.."

"ဟုတ်ကဲ့ "

"ငါမထိနဲ့လို့ပြောတဲ့အရာကိုဒီကောင်ထိတယ်...
ငါ့ဘဝမှာတန်ဖိုးအထားရဆုံးသူကိုမျက်လုံးနဲ့
တောင်စေ့စေ့မကြည့်ဖို့ မှာထားခဲ့ပင်မယ့် အသားချင်းထိရဲတဲ့အထိဒီကောင့်မှာ ဘယ်လိုသတ္တိတွေများ
ရှိနေတာလဲ..."

..အသက်စေရာ..Where stories live. Discover now