Part(0)

84 5 0
                                    

ရန်ကုန်လေဆိပ်တွင်ဖြစ်၏။

တစ်ပိုင်တစ်နိုင်အထုတ်ကိုယ်စီဆွဲကာ ငှါးလာသော taxi သမားအား ခေါင်းခန်းမှာထိုင်သောကောင်လေးကတစ်သောင်းတန်တစ်ရွက်ထုတ်ပေးကာပြန်မအမ်းနဲ့တော့လိုဆိုတယ်။ထို့နောက်ကားပေါ်ကဆင်းကာခပ်
သွက်သွက်လေးလေဆိပ်ဆီကိုဦးတည်ကြတော့တယ်

အရှေ့မှ ထွက်လာသောကောင်လေးမှာ ဆံပင်အနက်ရောင်များကို ဂျယ်များဖြင့်သပ်သပ်ရပ်ရပ်
ထောင်တင်ထားပြီး ခန္ဓာကိုယ်မှာကြည့်လိုက်တာနှင့်
အားကစားလိုက်စားသူဟုထင်ရလောက်အောင်
တောင့်တင်းတယ်

သူ့နောက်ကပါလာသောခပ်သေးသေး
ပျော့ဖတ်ဖတ်ကောင်လေးနဲ့ယှဉ်ရင်ဆီနဲ့ရေလို
အကွာကြီးပင်။

ထိုကောင်လေးမှာဖြူဥသောအသားအရည်
ပိန်သွယ်သောခန္ဓာကိုယ်နှင့်မည်းနက်သော
မျက်လုံးဝိုင်းဝိုင်းလေးတွေရှိကာ ထိုချစ်ဖို့ကောင်းသောမျက်နှာကလေးကိုအနက်ရောင်ဆံပင်များဖြင့်
လွမ်းခြုံထားသည်

ထိုအချိန် ကျွန်တော်တို့ရှေ့မှ အနောက်တိုင်းအကျီကိုကျကျနနဝတ်ဆင်ထားပြီးကြည့်လိုက်တာနဲ့ဂုဏ်သရေရှိလူကြီးမင်းဟုထင်ရလောက်သောလူတစ်ယောက်က ရုတ်တရက်ပိတ်ရပ်လိုက်ပြီး

"ပြေးတမ်းလိုက်တမ်း ဆော့နေတာ
တော်လောက်ပြီ!"

ထိုသူရဲ့အနောက်မှလဲသက်တော်စောင့်ဟုထင်ရသော
ခပ်တောင့်တောင့်လူနှစ်ယောက်ပါသည်
ကျွန်တော်ကြောက်လွန်းလို့အသားတွေတဆတ်
ဆတ်တုန်နေတာကိုခံစားမိတယ်...

နန္ဒကတော့ ကျွန်တော့ကို သူ့နောက်မှာဘဲ
နေစေကာ အပြည့်အဝကာကွယ်တယ်

ဒါဟာ ငါအမြဲတမ်းတောင့်တခဲ့တဲ့
တန်ဖိုးထားခြင်းဆိုတာများလား...

ထိုသူက သူ့ရဲ့နောက်က သက်တော်စောင့်လူနှစ်
ယောက်ကိုအချက်ပြလိုက်တော့ထိုနှစ်ယောက်ကနန္ဒကိုဖမ်းချုပ်တယ် နန္ဒကရုန်းပင်မယ့် အားခြင်း
မယှဉ်နိုင်ဖြစ်နေ၏

ထိုအခါ အနောက်တိုင်းဝတ်စုံနဲ့သူဟာ ကျွန်တော့ရှေ့တည့်တည့်လျောက်လာပြီးနီရဲကာ မျက်ရည်စတစ်ချို့ဝဲနေသောမျက်လုံးများဖြင့်ကျွန်တော့်ကိုစိုက်ကြည့်လာတယ်

ဒါဟာ လေယာဉ်ကွင်းဆိုတာတောင်
သူဂရုမစိုက်နိုင်တော့ ဘေးကဝိုင်းကြည့်နေကြသူတွေကိုလဲသူမမြင်တော့

သူ့ရဲ့နီမြန်းပြီးသိပ်ကြောက်ဖို့ကောင်းတဲ့မျက်လုံးတွေနဲ့ကျွန်တော့အားသေချာစိုက်ကြည့်ပြီး ခနအကြာမှာ
ကျွန်တော့ ပခုံးကိုသူ့ရဲ့ အင်အားကြီးမားတဲ့ လက်နှစ်
ဖက်နဲ့နူးညံ့စွာဆုပ်ကိုင်တယ်

"ကိုယ်ပင်ပန်းနေပြီကွာ တော်ကြရအောင် နော်"

ထိုသူကညှင်ညှင်သာသာဘဲစကားဆိုတယ်

ထို့နောက်ကျွန်တော့လက်ကိုဆွဲကာ
ခေါ်သွားဖို့လုပ်ပြန်တယ်

"မလိုက်ဘူး ကျွန်တော်ခင်ဗျားနဲ့မလိုက်ဘူးလို့!
လွတ်! အခုလွှတ်ပေး!"

"-ီးဘဲ ငါစောက်ရမ်းဒေါသထွက်နေပြီ!!"

သူ့ရဲ့အားပါပါအော်သံက
ခြသ်ေ့တစ်ကောင်မာန်ဖီနေသည့်အလားပင်
သိပ်ကိုဩဇာရှိတယ်..

သူအဲ့လိုအော်လိုက်တာနဲ့တင်
ကျွန်တော်ဘာသံမှဆက်မထွက်ရဲတော့ပါ
သူပြောတဲ့ ကျွန်တော့ရဲ့အိမ်လို့ဆိုပင်မယ့်
တကယ့်အိမ်မဟုတ်တဲ့နေရာကိုသာ
ငြိမ်သက်စွာလိုက်ခဲ့ရတယ်...

တပြိုင်နက်ထဲကျွန်တော့ဘဝကြီးဟာ
သူ့လက်အောက်မှာပြန်ကျရှုံးရတော့မှာလား
ဟုတွေးရင်းဝမ်းနည်းမိပြန်ပါတယ်...

#ပေါက်စ🪁

..အသက်စေရာ..Where stories live. Discover now