Part-3

8 3 2
                                    

ခြံဝန်းတံခါးအပြင်ဘက်မှမြင်ရသော အိမ်ကြီးကို ကြည့်၍ရှင်းလျှမ်စွံ့အနေမိသည်။ဒါက အိမ်လားHotelကြီးလားဟုပင်စဉ်းစားနေမိသည်။နည်းတဲ့အကျယ်ကြီးမှမဟုတ်တာပါလေ။ခွင်းကကားဟွန်းတီးလိုက်တော့ ခြံတံခါးကြီးကအလိုအလျှောက်ပွင့်လာလေသည်။ဆင်ဝင်အောက်ကိုကားရပ်လိုက်ပြီးခွင်းကအရင်ဆင်းသွားသည်။ပြီးနောက်မားမားကိုတံခါးလာဖွင့်ပေးပြီး ရှင်းလျှမ်ပါတစ်ဖက်ကဆင်းလိုက်သည်။

"မာန် မောင်လေး ဒယ်ဒီရောဟင်"

"ဒယ်ဒီအိမ်မှာရှိပါတယ်မမ မမပြန်လာမှာသိလို့သူသေချာပေါက်စောင့်နေမှာ"

ခွင်းကမားမားကိုနှစ်သိမ့်ပေးသလိုလက်ကိုကိုင်ပြီးပြုံးပြသည်။မားမားနဲ့ခွင်းက အိမ်ထဲဝင်သွားတော့ ရှင်းလျှမ်ပါအနောက်က ကုတ်ချောင်းချောင်းဖြင့်လိုက်ဝင်သည်။အိမ်ကြီးကရှိန်ချင်စရာပါလားလေ။အပေါ်မှာချိတ်ဆွဲထားသော မီးဆိုင်းများက တလက်လက်ဖြင့်စိန်ပွင့်များပမာ။အောက်ကြမ်းခင်းများကလည်းပြောင်လက်နေသည်မှာနင်းရက်စရာမရှိ ​မှန်တောင်ကြည့်ယူလို့ရသည်။မားမားက ဒီလိုအိမ်ကြီးမျိုးမှာကြီးပြင်းလာသည်တဲ့လား။

"နောက်ဆုံးတော့ပြန်လာပြီပေါ့"

သြဇာအာဏာအပြည့်ဖြင့်ပြောလာသော စကားသံကြောင့်အသံကြားရာကိုလှည့်ကြည့်မိတော့ လှေကားပေါ်မှခန့်ညားစွာဆင်းလာသော အသက်ကြီးကြီးအမျိုးသားတစ်ဦး။ဒါက မားမားရဲ့ဖေဖေပေါ့လေ။

"ဒယ်ဒီ"

"ပြန်လာတော့လည်းကြိုဆိုရတာပေါ့"

"ဒယ်ဒီ နေကောင်းတယ်နော်"

"ကောင်းတာပေါ့ ဒါနဲ့အနောက်ကဟိုကောင်လေးက ရှမ်းတရုတ်သွေးနှောလေးလား"

"ဟုတ်ပါတယ်ဒယ်ဒီ သမီးရဲ့သားလေးပါ"

မားမား ရဲ့ဒယ်ဒီ အဘိုးဆိုသူက ရှင်းလျှမ်ကို ခေါင်းစခြေဆုံးတစ်ချက်ကြည့်ပြီး

"ချောသားဘဲ နာမည်ဘယ်လိုခေါ်လဲ"

"စိုင်းရှင်းလျှမ်ဇွဲပါဗျ"

"စိုင်းရှင်းလျှမ်ဇွဲ နာမည်ကခေါ်ရတာရှည်လိုက်တာ ငါကတော့ ရှင်းလျှမ်လို့ဘဲခေါ်မယ် ရသလား"

ချစ်ခြင်းမည်သောကြိုးလေးတစ်ချောင်းWhere stories live. Discover now