Chapter-(1)

814 27 0
                                    

Unicode

1.

ကျွန်တော်ရဲ့ပြိုင်ဘက် ကုရိလျန်က ဒုတိယအဆင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ချောမောလွန်းတဲ့ရုပ်ရည် နှင့် ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အမြဲကောင်းချီးပေးခံရတယ်။ သူ သရုပ်ဆောင်တဲ့ ဘယ်ဒရာမာ ဘယ်ဇာတ်ကား အကုန်ပြောရရင် main lead နေရာဖြစ်ဖြစ် ဇာတ်ရံနေရာဖြစ်ဖြစ် အကုန်လုံးက အမြဲကောင်းမွန်နေတာပဲ။ ရုပ်ရှင်ဝေဖန်ရေးသမားတွေတောင် သူ့ကိုမျက်နှာချိုသွေးဖို့ စာလုံးပေါင်းတစ်ထောင်လောက်ထိုင်ရေးကြပြီး ကုမ္ပဏီကလည်း သူ့ကို အမြဲအမွှမ်းတင်နေတာပဲ။ သူ weiboပေါ်မှာ postတင်ရင်တောင် မှတ်ချက်မှာ ပန်းပွင့်တွေနဲ့ likeတွေကအပြည့်ပင်။

ကျွန်တော် ဝေယန်းဇီကတော့ တတိယအဆင့်သရုပ်ဆောင်လေးဖြစ်တဲ့အပြင် ကြက်ဥအနှစ်နဲ့တူတဲ့ သရုပ်ဆောင် skillကလည်းရှိသေးတယ် ဇာတ်ကား၊ဒရာမာတွေထဲမှာကျွန်တော် သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တွေအကုန်လုံးက ခြောက်သွေ့ပြီး ညှိုးနွမ်းတဲ့ မြက်ပင်လိုပဲ ပန်းအိုးထဲ ထည့်ဖို့တောင်မထိုက်တန်ဘူး

အင်တာဗျူးတွေမှာလည်း ဇာတ်ကောင်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲအာမခံပြီး ရွေဆုကို ရဖို့ကြိုးစားနေတဲ့အချက်ကိုလည်းအမြဲ ဖုံးကွယ်မထားဘူး။
ဒါပေမဲ့ အင်တာဗျူးတွေ ဖြေတဲ့နေရာမှာ သူတို့က ကျွန်တော့်ပတ်ဝန်ကျင်က အရှုပ်တော်ပုံတွေနဲ့ အတင်းအဖျင်းတွေကိုအမြဲမေးလေ့ရှိတယ် ။ ကင်မရာရှေ့မှာ ကျွန်တော်ကိုယ်ကျွန်တော် သရုပ်ဆောင်တစ်ယောက်လို့တောင်ဝန်မခံရဲတော့ဘူး။

အခြားနည်းနဲ့ပြောပြရရင် ကျယ်ပြောလှတဲ့ ဖျော်ဖြေရေးလောကကြီးထဲမှာ သူက တိမ်တွေပေါ်က လမင်းလေး၊  ရေကန်ဘေးမှာရှိတဲ့ လှပတဲ့ပန်းပွင့်လေးပေါ့ ကျွန်တော်ကတော့ အခုထိ မြေကြီးပေါ်က အဝါရောင်ဂေါ်ဖီထုပ်လေးပဲရှိပါသေးတယ်။

2.

ကုရိလျန်နဲ့ ကျွန်တော့်က အဆင့်တစ်ခုပဲကွာတာပါလို့ ကျွန်တော်ကိုယ် ကျွန်တော်
မနှစ်သိမ့်ချင်ဘူး။ ဖျော်ဖြေရေးလောကမှာက အဆင့်အတူတူ ဖြစ်ရင်တောင် လျှိုမြှောင်တစ်ထောင် နဲ့ လျှိုပေါက်တွေ ခြားနားနေတာပဲ။ အဲ့တာက ကျွန်တော့်လည်ပင်းကိုဆွဲညှစ်နေသလိုပဲ ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား သူ့နောက်ကျောကိုတောင် ကျွန်တော် မမှီနိုင်ဘူး

I Ship My Rival X Me Where stories live. Discover now