Chapter-(7)

85 16 0
                                    

Unicode

90.

ကျွန်တော် နှင့် ကုရိလျန် ကျော်ကြားမှုက အဆင့်တစ်ခုကွာပေမဲ့လည်း ရိုက်ကွင်းကိုလာလည်ကြတဲ့ ပရိသတ်အရေအတွက်ကတော့အတူတူလောက်ပဲ။

ပရိသတ်များသည် တစ်ယောက်နှင့်တစ်ယောက် လက်ထဲမှာ ကိုင်ထားတဲ့ support itemsတွေကို ကြည့်လိုက်ကြပြီး အဖွဲ့ နှစ်ဖွဲ့ ဖြစ်အောင် အလျှင်အမြန်ခွဲထွက်လိုက်ပြီး အသိစိတ်ရှိစွာဖြင့် လျှောက်လမ်း၏တစ်ဖက်
တစ်ချက်စီတွင် နေရာယူလိုက်ကြသည်။ သူတို့၏ စည်းလုံးပုံ ထင်ဟပ်နေသောအကြည့်များသည် ဝင်ပေါက်သို့စိုက်ကြည့်နေကြပြီး
ပရိသတ်တစ်ယောက်မျှ တွန်းခြင်း၊ တိုက်ခြင်းမျိုးမလုပ်ဘဲ စောင့်နေကြသည်။ သူတို့၏ အကြည့်များသည် ပြိုင်ဘက်နှင့် မျက်လုံးချင်းဆုံသွားတဲ့အခါ သူတို့က အင်တာနက်ပေါ်မှာလို ရန်လိုတဲ့အပြုအမှုမျိုး မပြုလုပ်ကြဘူး။

နှစ်ဖက်လုံးက လူတွေက အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ ကင်မရာမျိုးစုံကို ​ကိုင်ဆောင်ထားကြတယ်။ သူတို့ရဲ့ ဘက်လိုက်ပေးမှုက လိုင်းပေါ်ကနေ ရုန်းထွက်နိုင်တာကို သိတာကြောင့် ပရိသတ်တိုင်းက သူတို့ရဲ့ fandomအဆင့်မြင့်ဖို့ကို ကြိုးစားပုံဖော်ပြီး ပြိုင်ဘက်တွေကို ဖိနှိပ်ဖို့ကြိုးစားနေတာကိုလူတိုင်းသိနိုင်တယ်။

အဲ့တာက မီးခိုးမပါတဲ့ စစ်အေးတိုက်ပွဲတစ်ခုလိုပဲ။

91.

အဆုံးမှာတော့ ကုရိလျန်က တက်ကြွပျော်မြူးစွာဖြင့် ကျွန်တော်နှင့်အတူ ထွက်လာလေသည်။

92.

အဲ့တာက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေနိုင်တဲ့အခြေအနေ အဖြစ် ပြောင်းလဲလိုက်သလိုပဲ။

93.

"ငါတို့မှာ မိနစ်သုံးဆယ်ပဲ အချိန်ရတာလား။
ဘယ်အချိန်ပြီးမလဲဆိုတာ ပြောဦးနော်''

ကုရိလျန်က ခေါင်းညိတ်ပြသည်။
"ဟုတ်ပါပြီ ဒါနဲ့ ကိုယ်ဘာမှမပြင်ဆင်လာခဲ့ရလို့ မင်းရဲ့ မုန့်လေးနည်းနည်းလောက်ပေးပါလား။''

သူ့ရဲ့ fanတွေရှေ့မှာတောင် သူက နှောက်ယှက် နိုင်တုန်းပဲ။

အဲ့တာကြောင့် ကျွန်တော်လည်း fan တွေရှေ့မှာတင် ကျွန်တော့်မုန့်တစ်ဝက်ကို သူ့ဆီခွဲပေးလိုက်ရတယ်။

I Ship My Rival X Me Where stories live. Discover now