Chapter-(4)

72 16 0
                                    

Unicode

ကုရိလျန် ရဲ့ ဒိုင်ယာရီ-(1)

အလုပ်က မနက် ၂ နာရီမှ ပြီးပြန်တယ်။ အရမ်းပင်ပန်းတာပဲ

သဘက်ခါ။  oh. ...မနက်​ဖြန်​​ရောက်​​နေပြီ။
ဒါရိုက်​တာလု ရဲ့ ထုတ်​လုပ်​​ရေးအဖွဲ့မှာ ပါဝင်​ဖို့လည်း လိုသေးတယ်​။ အဲဒါကို တွေးလိုက်တိုင်း ပိုပင်ပန်းလာသလို ခံစားရတယ်။

ငါ လုံးဝမသွားချင်ဘူးလို့ ငါ့စိတ်ထဲမှာ ခံစား​နေရ တယ်။

ပထမအချက်က အခုမှ ခရီးသွားပြီး ပြန်လာသလိုခံစားရတယ်။ အလုပ်ကအရမ်းပင်ပန်းလွန်းတာကြောင့် အိမ်ပြန်ရောက်တာနဲ့လဲကျသွားတော့မလိုပဲ။

ဒုတိယအချက် အနေနဲ့ ငါရဲ့fan club ခေါင်းဆောင်တစ်ယောက်က ငါ့ကို mail တွေ  ငါးရက်ဆက်တိုက်ပို့ပြီး ထုတ်လုပ်ရေးအသင်းမှာရှိနေတဲ့ ငါ့ပြိုင်ဘက် ကိုသတိထားဖို့အ​မြဲပြောနေတဲ့အတွက်ကြောင့်ပဲ။

သူပြောပုံအရဆို ငါ့ပြိုင်ဘက်က Herculesလိုမျိုး ထွားကြိုင်းတဲ့ကိုယ်နဲ့ ရှစ်ပေရှည်တဲ့အရပ်လည်းရှိတယ်။ မျက်နှာကလည်း အမြဲဒေါသထွက်နေတဲ့ပုံပေါ်ပြီး သူ့အသံကလည်း နတ်ဆိုးအသံလိုပဲ သူရဲ့ရှစ်ပေရှည်တဲ့လှံတဲ့ နဲ့လူတစ်ယောက်ရဲ့အသက်ကို အေးဆေးယူနိုင်တဲ့သူ ဒါမှမဟုတ်   သူက လူခေါင်း နှင့်မြွေကိုယ်ရှိတဲ့ နတ်ဆိုးတစ်ယောက်လည်း ဖြစ်နိုင်တယ် သူ့မျက်လုံးက အစိမ်းရောင်လေဆာတွေပစ်လွှတ်နိုင်ပြီး လျှာကနေလည်းအဆိပ်တွေတစ်စက်တစ်စက် စီးကျနေသေးသည်။ သူရဲ့ရှည်လျားတဲ့အမြီးနှင့်  ထက်တဲ့ လက်သည်းတွေနဲ့လည်း ငါ့ကိုယ်ကို အပိုင်းပိုင်းဖြတ်ထုတ်နိုင်သေးတယ်တဲ့


ငါတို့က ကုမ္ပဏီတစ်ခုတည်းကပဲဆိုတော့ အရင်က ငါ့ရဲ့ပြိုင်ဘက်ကိုမတွေ့ဖူးတာတော့မဟုတ်ဘူး

သူက ဖြူစင်နူးညံ့ ပြီး သိမ်မွေ့တဲ့ ရုပ်ရည်ရှိတဲ့ လူငယ်လေးပဲ မဟုတ်ဘူးလား။ သူကြည့်ရတာ နူးညံ့ပြီး နာခံမှုရှိတဲ့ပုံပေါ်ပါတယ်။မျက်နှာလေးကလည်း သဘာဝအရမ်းဆန်ပြီး ငါ့ထက်တောင်နည်းနည်းငယ်တဲ့ပုံပေါ်တယ် တစ်ယောက်နဲ့တစ်ယောက် ဆုံမိတိုင်း သူက ငါ့ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး သူ့မျက်လုံးတွေက အ​မြဲအပြစ်ကင်းစင်ပြီး တောက်ပနေတယ်။

I Ship My Rival X Me Where stories live. Discover now