Chapter-(8)

72 13 0
                                    

Unicode

107.

လူတိုင်းကို ညီတူညီမျှ ဆက်ဆံပေးသင့်တယ်လေ။ ကျွန်တော်တို့ရဲ့ပုံကို ကျွန်တော့်ရဲ့ pretty yans လေးတွေလည်း ရိုက်ကူးနိုင်အောင် သူ့ကိုဆွဲထုတ်လာလိုက်သည်။ ဓာတ်ပုံရိုက်ပြီးတဲ့အချိန်မှာ တွေ့ဆုံပွဲက အချိန်ပြည့်တော့မှာဖြစ်သည်။

ပရိသတ်တွေကို ပြန်လည်ထွက်ခွာကြဖို့နှင့် ဂရုစိုက်ပြန်ကြဖို့ မှာနေသည့် ရိုက်ကူးရေးအဖွဲ့သားတွေကို ကြည့်နေလိုက်သည်။ အဲ့နောက်မှာ မြင်နေကျ မဟုတ်သည့် မိန်းကလေးတစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်ရသည်။ သူမက ကျွန်တော် နှင့် မနီးမဝေးတွင် ရပ်နေပြီး ကျွန်တော့်ကိုတွန့်ဆုတ်နေသည့် အမူအရာဖြင့် လှမ်းကြည့်နေလေသည်။

ကျွန်တော် သူမကိုပြုံးကာ လက်ပြလိုက်ပြီး ဂရုတစိုက်ပြန်ဖို့မှာလိုက်သည်။ ဒါပေမဲ့ အဲ့အချိန်မှာ သူမက စိတ်ပိုင်းဖြတ်လိုက်သည့်ပုံပင်၊ သူမက ခပ်သွက်သွက်ခြေလှမ်းများဖြင့် ကျွန်တော့်ဆီသို့ ပြေးလာလေသည်။ သူမက လွယ်အိတ်ထဲကနေ လက်ကိုင်စာတန်းတစ်ခုကို ထုတ်လိုက်ပြီး ဘောပင်တစ်ချောင်းပါပေးကာ ''To''ဟုသော စာသားပါသည့် လက်မှတ်ကိုလိုချင် ​ကြောင်းပြောလာသည်။

"မင်း ခုနက ဘာလို့လာမတောင်းတာလဲ '' ဘောပင် အဖုံးကို ချွတ်လိုက်ရင်း ''ဘယ်သူ့ကိုလဲ''

သူမက သေးငယ်သောအသံဖြင့်ပြောလာသည် '' To......WilLiam. ....''

108.

နာမည်က နည်းနည်းရင်းနှီးနေသလိုပဲ ။ ကျွန်တော် အောက်ကိုငုံ့ကြည့်လိုက်ပြီး သူ ဒီ bannerကို အခြားသူတွေနဲ့တူတူ လာမပေးရသည့် အကြောင်းအရင်းကို ချက်ချင်း နားလည်သွား​တော့သည်။

ပန်းရောင်းနှင့်အပြာရောင်စပ်ထားတဲ့ လက်ကိုင်စာတန်းအောက်ခံပေါ်မှာ ကုရိလျန် chibiက ကျွန်တော့်chibi လေးကို ဖက်ထားသည့် ပုံလေးဖြစ်ပြီး အဲ့တာကို အသံပုံလေးနဲ့ ဝိုက်ပြီး ဆွဲထားသေးသည်။

ဒီသောက်ကျိုးနည်း bannerက သောက်ကျိုးနည်း niangzi version ကြီးပဲ။

ပြီးတော့ wilLiam ဆိုတာကလည်း မနေ့ကလေးတင် ကျွန်တော် followလိုက်တဲ့ နာမည်အကြီးဆုံး shipperတွေထဲက တစ်ယောက်မဟုတ်ဘူးလား

I Ship My Rival X Me Where stories live. Discover now