Chapter-(6)

81 16 0
                                    

Unicode

77.

အတင်းအဖျင်းပြောတာက လူတစ်ယောက်ရဲ့ပျော်ရွင်မှုကို နှစ်ဆတိုးစေပြီး အင်တာနက်သုံးစွဲသူ​တွေကိုလည်း စိတ်ရွင်လန်းစေတယ်။
ဒါပေမဲ့ စုံတွဲတစ်တွဲကို shipတာကတော့ ချိုမြိန်တဲ့ချစ်ခြင်းတရားကိုပါ ပေါင်းထည့်ပြီး မှိုင်းတိုက်လိုက်ခြင်းဖြစ်တယ်။

သင်္ဘောကို ရွက်လွှင့်တဲ့အခါ တခြားသူတွေ ဘယ်လိုခံစားရလဲ မသိပေမယ့် အခုချိန်မှာတော့ကျွန်တော်ကတော့  နှင်းဆီရောင်အသားအရေနဲ့ ဆံပင်ဖြူတွေရှိနေတဲ့ မသေမျိုးတစ်ယောက်လို ခံစားနေရတယ် အရမ်းပျော်လွန်းလို့ အ​ပြင်ထွက်ရင်တောင် အားအင်တွေပြည့်လျှံနေသလိုပဲ။

78.

ရုပ်ရှင်ရိုက်ကူးဖို့ အချိန်အနည်းငယ်ကျန်နေ
သေးသည်။ ထို့ကြောင့် ကျွန်တော့်ဝတ်စုံကို လဲ လိုက်ပြီး ထုတ်လုပ်ရေးအဖွဲ့နားမှာ ပျော်ရွင်နေတဲ့  သံမဏိ-မီးခိုးရောင်လိပ်ပြာလေးကဲ့သို့ တဝဲလည်လည်ဖြင့် ပန်းတိုင်မရှိဘဲ လှည့်ပတ်သွားနေလိုက်ပြီး  မြင်လိုက်တဲ့သူတိုင်းကို အပြုံးများ ဖြင့် နှုတ်ဆက်လိုက်သည်။ ဒီ​​နေ့ရာသီဥတုက သာယာနေသောကြောင့် ဘယ်နေရာတွင် ဘယ်အခန်းရိုက်သင့်ကြောင်း ဘယ်နေရာတွင် ညစာသွားစားသင့်ကြောင်း အဖွဲ့သားများနှင့် စကားစမြည်ပြောရင်းဆွေးနွေးနေလိုက်သည်။ ကြည်နူး ရွင်မြူးနေမှု ကြောင့် မြင်သူတိုင်းမှာ အံ့သြသင့်ကုန်ရသည်။ ထို့နောက် အကျီလက်များကို ခါလိုက်ပြီး  နောက်ပစ်မှတ်ကိုရှာကြည့်လိုက်သည်။

Ah! ပျော်ရွင်မှုက အဆုံးမသတ်ပါလား။

79.

အငယ်လေးချန်က နေ့လည်စာအပူခံဗူးကို ပိုက်ထားတယ်။ သူက ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်ပြီး ''ယန်ယန် ကျေးဇူးပြုပြီး ထမင်းလာစားပါတော့ အတောင့်ပံကိုခတ်ပြီး ပိုးဖလံတစ်ကောင်လို လျှောက်ပျံမနေနဲ့တော့''

".....''

80.

ကျွန်တော်အရမ်း စိတ်ကောင်းနေလို့ အဲ့ဒီ ဉာဏ်ကောင်းတဲ့ ကောင်နဲ့ ရန်မဖြစ်တော့ဘူး

81.

Weiboကိုစစ်ရန် ဖုန်းကို မဖွင့်မီ ပူနွေးနေတဲ့ ဖက်ထုပ်လေးများကို အရင်စားလိုက်သည်။
ကျွန်တော်ရဲ့ ကိုယ်ပိုင်စာမျက်နှာကို ခဏခဏ refresh လုပ်ပြီး မနေ့ညကတင်လိုက်တဲ့ postကို ပြန်ကြည့်နေမိတယ်

I Ship My Rival X Me Where stories live. Discover now