Chapter-(3)

88 15 0
                                    


Unicode

34.

အရမ်းခံစားနေရတယ်

Porn ကြည့်ရင်း မင်း တစ်ကိုယ်ရည်အာသာဖြေနေတာကို မင်းမိဘတွေ ဖမ်းမိတဲ့အခါ မင်းရင်ဆိုင်ခဲ့ရတဲ့ ကို့ရို့ကားယားနိုင်မှုက အခု ငါ ခံစားနေရတဲ့အရာနဲ့ လုံးဝနှိုင်းယှဉ်လို့မရဘူး။

သားရဲဆန်​ပြိး တင်းကြပ်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်ပြီး အာသာဖြေနေတာကို မင်းမိဘတွေဖမ်းမိတဲ့အခါ ခံစားရမဲ့ အရှက်ကွဲမှုနဲ့လည်း လုံးဝမတူနိုင်ဘူး

35.

ကြည့်နေတာကို ကာကွယ်ဖို့ ဖုန်းကို lock အမြန်ချပြီး စခရင်ကို မှောက်လိုက်တယ်။ ထို့နောက် မျက်လုံးဝိုင်းများဖြင့်
ကုရိလျန်ကို ပြုံးပြလိုက်တယ်

"ဟယ်လို။"

"..."

ကုရိလျန် က ကျွန်တော့်ဖုန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ခဏရပ်လိုက်ကာ
ကျွန်တော့်ကို နှုတ်ဆက်လာသည်။

ကျွန်တော်ရဲ့ အဆုံးမရှိတဲ့အရှက်ကွဲမှုကို ဖုံးကွယ်ရန်အတွက် စကားလုံးများကိုရှာလိုက်သည်။

"အတူတူရိုက်ဖို့ ဇာတ်ကွက်တွေအများကြီးရှိတယ်။ အခု မင်းကလည်း ဒီကိုရောက်နေပြီဆိုတော့ ငါတို့လေ့ကျင့်​ကြည့် ကြမလား''

"ကောင်းပြီလေ'' သူက ခေါင်းညိတ်ကာပြောလိုက်သည်

"ကိုယ်က အခုမှ ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်လိုက်တာဆိုတော့ အားလုံးကို နှုတ်ဆက်ဖို့ပဲ ဒီကို လာခဲ့တာ''

သူ့စကားတွင် အမှားအယွင်းမရှိသော်လည်း
သူ့အမိန့်ကို နာခံမိသလိုမျိုး ဘာလို့တုန်လှုပ်နေမိပါလိမ့်

ကျွန်တော်လည်း ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။ "အိုး .... မင်းဒီကိုမလာခင် စားခဲ့ပြီးပြီလား''

ခေတ္တငြိမ်နေပြီးမှ ''မစားရသေးဘူး'' ဟု ပြောလိုက်သည်

စကားပင်ဆက်မပြောနိုင်တော့ဘဲ ကျွန်​တော်ရင်ထဲက ယုတ်မာတဲ့လူက အံသြပြီး တုန်လှုပ်သွားသလိုခံစားလိုက်ရသည်။

I Ship My Rival X Me Onde as histórias ganham vida. Descobre agora