1

9.4K 144 3
                                    


---------------------------------------------
"မေမေ! ဒီရွာရဲ့အခြေနေက ရိုး
ပြီးခဲ့တဲ့နှစ်တွေတုန်းကနေခဲ့ရတဲ့ရွာထက်ပိုကောင်းတယ်မေမေ။
ရွာကအေးချမ်းပြီးတော်တော်လေးသာယာတယ်မေမေ"

"ဟုတ်လားသမီးလေး။ဒါဆိုမေမေစိတ်ပူနေရတာသက်သာတာပေါ့ကွယ်။
ရွှေရည်မလေးကောဘာလုပ်နေလဲသမီးလေး"

"ရွှေရည်ကရေချိုးနေတယ်မေမေ။
ပြီးရင်ရိုးတို့ရွာလူကြီးအိမ်ကိုသွားရမယ်မေမေ။
နေ့လည်ကရောက်တော့ကောင်းကောင်းမနှုတ်ဆက်ရသေးတာကြောင့်ရယ်။နောက်ပြီးဒီညစာကိုရွာလူကြီးကသူ့အိမ်မှာဧည့်ခံမယ်ဆိုလို့မေမေ"

"အေးပါသမီးလေးရယ်။ရွှေရည်လေးပါနေတာရယ် ရွာကအေးချမ်းတယ်ဆိုတော့မေမေစိတ်ချမ်းသာပါတယ်ကွယ်။အစစအရာရာနေသတ်ိသွားသတ်ိစားသတိနဲ့နေကျနော်သမီးလေး"

"ဟုတ်ကဲ့မေမေ။မနက်ဖြန်မှပဲရိုးဖုန်းထပ်ဆက်မယ်နော်။မေမေကောဒေါ်လေးကောဂရုစိုက်ကျအုံးနော်။ချစ်တယ်မေမေ"

မေမေနဲ့ဖုန်းပြောပြီး ရိုးဖုန်းကိုချ၍အိမ်နောက်ဖေးမှာရေချိုးနေသည့်ရွှေရည်ဆီလိုက်ခဲ့လေသည်။

"ရွှေရည် မြန်မြန်ချိုးလေ။ညနေဘက်ကြီးဖျားနေမယ်"

"အင်းပါရိုးရဲ့။ ငါပြီးနေပါပြီ"

ရွှေရည်ကိုပြောပြီးအိမ်ရှေ့ကိုပြန်ထွက်လာ၍ခြံထဲကိုရိုးလျှောက်ပတ်ကာကြည့်မိလေသည်။
အကျယ်ကြီးမဟုတ်ပေမဲ့ အိမ်ရှေ့မှာအပင်လေးတွေသူ့ဟာနဲ့သူရှိနေတာကြောင့် ဒီခြံလေးထဲမှာနေရတာရိုးသဘောကျလေမိသည်။

နောက်နှစ်ရက်နေရင်ကလေးတွေကိုစာသင်ပေးဖို့တာဝန်ကရှိလာတာမှာကြောင့် ဒီနှစ်ရက်အတွင်းရွာအကြောင်းလေးတွေကလေးတွေအကြောင်းလေးတွေ့လေ့လာထားမှဖြစ်မည်။
!
"ဟေ့ကောင် မင်းဒီကိုလာခဲ့အုံး။
ဟေ့ကောင် ဒီအဖေပြောနေတာကြားရဲ့လား"

မနက်မနက်ဆိုအလုပ်ဆိုပြီးထွက်ထွက်သွားတဲ့ကျုပ်သားကတော့ ပြန်လာရင်မျက်နှာများမှာဒဏ်ရာဗလာပွနဲ့သာ။
တစ်ဦးထဲသောသားလေးမို့ဒီအဖေကောအမေကကောအလိုလိုက်ထားပေမဲ့အတော်ကိုဆိုးသွမ်းတဲ့ကောင်။
အသက်ဖြင့်၂၂ရောက်ပြီ။ဘာအလုပ်မှမယ်မယ်ရရမလုပ်ခဲ့။
ကျောင်းပြီးလို့ဘွဲ့ယူတော့လည်းစိုက်ပျိုးရေးဘွဲ့ကိုယူသတဲ့လေ။
စိုက်ပျိုးတာဝါသနာပါတာလားလို့မထင်နဲ့။ စိုက်ထားတဲ့အပင်ကလူစာလားနွားစာလားတောင်မသိတဲ့ကောင်မျိုး။ ​​ပေးထားတဲ့ ရန်နိုင်ခွန်း ဆိုတဲ့နာမည်အတိုင်း
အမြဲရန်ဖြစ်ပြသနာရှာနိုင်ပုံကလည်းနေ့စဥ်ရက်ဆက်တိုင်း။

မောင်...လူကြမ်းWhere stories live. Discover now