2

3.4K 78 1
                                    


"ရိုး..အိမ်ရှေ့မှာသူကြီးသားရောက်နေတယ်"

သနပ်ခါးပါးကွက်လေးပါးပါးလိမ်းနေချိန်မှာ အခန်းထဲကိုဆုရည်ဝင်လာပြီးပြောလေသောကြောင့်
ရိုးရင်ခုန်းနှုန်းတွေဟာချက်ချင်းမြန်လာရမိသည်။

"ဘာလာလုပ်တာတဲ့လဲဆုရည်"

"ရိုးကိုလာတွေ့တာတဲ့ပြောစရာရှိတယ်တဲ့!
ငါ့ကိုပြောလည်းရတယ်လို့ပြောတော့ ငါ့ကိုဘာပြောတယ်မှတ်လဲ
မင်းကိုပြောချင်တာမဟုတ်လို့ကြာရိုးနွယ်ကိုခေါ်ပေးတဲ့ဟယ်။
ဦးအောင်နဲ့အဒေါ်သဘောကောင်းပျူငှာသလောက်သူ့သားကတော့လက်လန်တယ်"

"စိတ်ဆိုးမနေပါနဲ့ဆုရည်ရယ်..
အဲ့ကောင်လေးအကြောင်းသိရဲ့နဲ့
ဂျစ်ကန်ကန်အဆိုးရယ်ကို"

"အေး.. အဲ့တာကြောင့်ပေါ့။
အဲ့တာကြောင့်ရိုး နင်လည်းကြည့်ကျပ်နေနော်။
မနေ့ညကလည်းနင့်ကိုပြောနေတာတွေလည်းကြည့်အုံး။ဘယ်လိုမှန်းကိုမသိဘူး"

"ဟုတ်ပါပြီ.. ရိုးထွက်တွေ့အုံးမယ်ဘာပြောစရာရှိလို့လည်းမှမသ်ိပဲ"

ဆုရည်စိတ်ပူပြီးပြောလည်းပြောချင်စရာဖြစ်အောင်ဒီကောင်လေးကလုပ်လေတာပဲမလား။
မနေ့ညကဆိုလည်း သူ့မိဘတွေရှေ့ထားပြီးရိုးကိုပြောနေသည့်စကားတွေမှာဆိုလည်း လူကြီးတွေရှိနေတာမရှိတာသူမကြည့်ပဲပြောချင်ရာကိုသာပြောတတ်သည့်သူပဲမလား။

အခုလည်းစောစောစီးစီးဘာဘာလုပ်ပြန်သလဲမသိ။
ခြံထဲက သရက်ပင်ရိပ်အောက်ကထိုင်ခုံတန်းလေးပေါ်ထိုင်နေသူကိုကြည့်၍ရိုးသက်ပြင်းတိုးတိုးချမိလေသည်။
ဒီကောင်လေးအကြောင်းကိုမနေ့ညကအဒေါ်တို့ပြောပြလို့အကုန်သိခဲ့ရတယ်...
ဘွဲ့ရပညာတတ်လေးတယောက်ဖြစ်ပြီးဘာလို့များဒီလိုကလေကချေလေးလုပ်နေရတာပါလိမ့်...

"ဒီမှာ...ကောင်လေး !
ရိုးကိုဘာပြောစရာရှိလို့လဲ"

ရိုးကိုကြည့်လာသည့်အကြည့်များမှာ မျက်မှောင်ကြီးကုပ်၍ကြည့်လာပုံကြောင့်ရိုးလည်းမျက်လုံးလေးများဝိုင်းသွားမိရလေသည်။
သူဘာအလိုမကျပြန်သလဲ....
ထိုကောင်လေးကထိုင်နေရာကထလာသလို ရိုးရပ်နေတဲ့ရှေ့ကိုတအားကြီးတိုးကပ်လာတာကြောင့်
ရိုးမျက်နှာလေးပူရှိန်းရှိန်းကြီးခံစားလာရတော့သည်။

မောင်...လူကြမ်းWhere stories live. Discover now