9

2.4K 44 0
                                    


"ဆုရည် !မနက်စာကိုစျေးနားကကောင်းစုစံဆိုတဲ့ဆိုင်မှာကျုပ်လိုက်ကျွေးမယ်!လိုက်ချင်ရဲ့လား"

"ဟယ် သွားတာပေါ့!
မရောက်ဖူးသေးတော့သွားချင်တာပေါ့ကိုငခွန်းရယ်"

ဆုရည်ရဲ့အခေါ်ပြောကြောင့်ရန်နိုင်ခွန်းသဘောကျစွာရယ်လိုက်လေသည်..။

"အင်း ဒေါ်ကြာရိုးနွယ်လေးကိုနှိုးလိုက်ပါအုံးလား!
အခုထိမထသေးဘူးမလား"

"ဟုတ်ပါ့ မထသေးဘူးရယ်!
ဆုရည်သွားနှိုးအုံးမယ် ရှင်ထိုင်နေအုံးနော်"

ဆုရည်ကိုကိုယ်ခေါင်းညိမ့်ပြီပြီး
ဧည့်ခန်းကခုံပေါ်ဝင်ထိုင်လိုက်လေသည်..။
မနက်စောစောဦးလေးနဲ့အန်တီကပြန်မှာဆိုတာကြောင့် ရန်နိုင်ခွန်းလည်းစောစောထပြီး အိမ်ကိုပြန်ရလေသေးသည်..။
ကိုယ့်ယောက်ခမဖြစ်လာမဲ့သူတွေကို ကိုယ်ကဂရုတစိုက်နဲ့လိုက်မပို့ပေးရင် ကိုယ့်ကိုမသိတတ်တဲ့သူအဖြစ်မြင်သွားမှာမလိုလားတာကြောင့်ကိုယ်စောစောထပြီး ရွာထိပ်ထိလိုက်ပို့ပေးခဲ့လိုက်လေသည်..။

ပြန်ခါနီးပြောသွားသည့်စကားကြောင့် ကိုယ့်မှာနည်းနည်းလေး စိုးရိမ်စိတ်ဝင်မိသေးသည်..။
ေယာက်ခမကြီးက သူ့သမီးချစ်တဲ့သူမှလက်ခံမှာတဲ့..။
သူ့သမီးမျက်ရည်ကျအောင်စိတ်ဆင်းရဲအောင်လုပ်တဲ့သူသာဆိုရင်ဘယ်တော့မှသဘောမတူနိုင်ဘူးတဲ့ဗျာ...
!
"ရိုး! ထပါတော့ဟယ် နှုိးရခက်လိုက်တာ"

"အွင်း !အွင်းခဏလေးဆက်အိပ်ပါရစေ"

ဖြန်း...

ဆုရည်မှာပေကပ်နေသည့် ကြာရိုးနွယ်၏တင်ပါးလေးကိုပိတ်ရိုက်ချလိုက်လေသည်..။

"ဟာ နာတယ်လို့!)"

"ရိုး..ထလုိ့ပြောနေတယ်နော်!
ဟိုမှာ ကိုငခွန်းရောက်နေပြီ ငါတို့ကိူမနက်စာဆိုင်မှာလိုက်ကျွေးမလို့တဲ့"

"ဟင် !သူ သူဘာလာလုပ်တာလဲ"

ဆုရည်ဆီမှကြားရသည့်စကားကြောင့်ရိုးအမြန်ထ ထိုင်မိလေသည်..။
မနက်စာလိုက်ကျွေးမလို့တဲ့လား..။
ဟင့်အင်း ရိုးသူ့ကိုမတွေ့ချင်ဘူး နှာဘူးကောင်ကရိုးကိုသိပ်အသားယူတယ်..။ညတုန်းကလည်းသူ့စိတ်ကျေနပ်တဲ့ထိနမ်းပြီးမှရိုးကိူအိပ်ခွင့်ပေးတဲ့လူ..။

မောင်...လူကြမ်းWhere stories live. Discover now