"ဆုရည်..! ဦးအောင်အိမ်မှာမေမေတို့ရောက်နေတယ်တဲ့ဆုရည်""ဟယ်...ဘယ်လိုလုပ်..."
"ငါ့ကိုအခုပဲဖုန်းဆက်တာဆုရည်!
ဦးအောင်အိမ်ကိုအရင်ဝင်ရအောင်"ကျောင်းဆင်းတာနဲ့ ခင်နဲ့ဆုရည်ဦးအောင်တို့အိမ်ဆီကိုသာဦးတည်ကာလာခဲ့လေသည်..။
ဦးအောင်တို့အိမ်ကိုလည်းရိုးသွားချင်တာမဟုတ်..
ရုိးကိုအမြဲအသားယူနေတဲ့လူကိုရိုးရှောင်နေတာတပတ်ကျော်လောက်ရှိတော့မည်..။
ညဘက်တွေသူလာသည့်အချိန်တိုင်းလည်း ရုိးအရင်ဆုံးအစောကြီးအခနိးထဲဝင်ပြီးနေခဲ့ဖြသ်သည်..။
သူလည်းပဲသူလွန်တယ်ထင်လို့ထင်ပါရဲ့
အရင်လောက်ကြီးရိုး
ရှေ့ကိုပေါ်ပေါ်မလာတော့ပေ..။မေမေတို့ကကောရုတ်တရက်ကြီးဘာလို့ရောက်ချလာရတာလဲ..။
ရိုးရဲ့မဟုတ်သရုပ်စကားတွေများကြားလို့လိုက်လာတာလေများလား..။
ရင်ထဲမှာကြောက်စိတ်စိုးရိမ်စိတ်အပြည့်ဖြင့် ရိုးခြေလှမ်းများရှေ့ဆက်နေရတော့သည်..။အို....မမေ..ဖေဖေ!
မေမေတို့ကိုမြင်သွားသည့်အခိုက်မှာ ရိုးနှုပ်ဖျားလေးမှာတိုးတိုးဆိုမိလေသည်..။
ဦးအောင်တို့လင်မယားနဲ့မေမေတို့ကစကားပြောနေကျရယ်မောပျော်ရွင်နေလို့ရယ်..။
အခုမှရောက်လို့အခုမှသိတာကိုအဲ့လောက်ရင်းနှီးဖို့လိုလို့လား..။"ဟယ်..သမီးလေးပြန်လာပြီ"
မေမေကစကားပြောနေရာမှဆုရည်နဲ့ရိုးတို့ကိုမြင်သွားပြီမို့
ရိုး ဆုရည်ကိုတစ်ချက်ကြည့်ပြီးမေမေတို့နားဝင်ထိုင်လိုင်လေသည်..။"မေမေနဲ့ဖေဖေ!
ဘယ်လိုလုပ်ရောက်လာတာလဲ""ဒီမှာလေ သမီးတို့ကိုအစစရာရာဂရုစိုက်ပေးနေတဲ့ဦးအောင်ဆိုတာဖေဖေငယ်သူငယ်ချင်းဖြစ်နေတာကွ"
အို...။
ဖေဖေရဲ့အပြောကြောင့် ရိုးနဲ့ဆုရည်အံ့သြသွားမိလေသည်..။
မေမေနဲ့အဒေါ်ကလည်းပြုံးလို့ရွှင်လို့ကြည့်နေကျတယ်..။
တကယ်ပဲဖေဖေတို့ကသိနေတာပဲလား..။"ဆရာမလေးကမင်းသမီးမှန်းကိုငါမသိပါဘူးကွာ!
ငါကလည်းအဖေအမေဘယ်သူလဲဆိုပြီးမမေးခဲ့မိတာလည်းပါတာပေါ့ကွာ"
YOU ARE READING
မောင်...လူကြမ်း
Non-Fictionမင်းလိုယောကျ်ားမျိုးရှိတဲ့အရပ်မှာမနေချင်ဘူးဆိုတဲ့ခင်ဗျားကို ကျုပ်လိုကောင်ရှိတဲ့အရပ်မှာပဲ ခင်ဗျားကိုမယားတော်ထားမှာ ဒေါ်ကြာရိုးနွယ်...!