အခန်း(၂၈)

171 9 1
                                    

ဟိုတယ်ရှေ့မြက်ခင်းပြင်တွင်ညစာစားပွဲကျင်းပနေသဖြင့်မီးရောင်စုံတွေလင်းလက်နေသည်။ဦးတိုင်းကျော်ရဲ့ဖိတ်ကြားမှုကြောင့်အနယ်နယ်
အရပ်ရပ်ကကြွရောက်လာကြသည့်စီးပွားရေး
လုပ်ငန်းရှင်တွေ၊ရှယ်ယာရှင်တွေနဲ့စည်ကားသိုက်မြိုက်နေသည်။

ထွဋ်ခေါင်နဲ့နှင်းဆီမောင်ကဟိုတယ်ထဲကနေအတူယှဉ်တွဲပြီးထွက်လာခဲ့သည်။မြက်ခင်းဆီကိုလျှောက်လှမ်းလာတဲ့သူတို့နှစ်ယောက်ကိုကင်မရာမီးရောင်တွေတဖျပ်ဖျပ်နဲ့ဓာတ်ပုံရိုက်နေကြသည်။နှင်းဆီမောင်ကနဂိုကတည်းကအရပ်ရှည်ပြီးသားကိုမှတစ်ထွာလောက်မြင့်တဲ့ဒေါက်ဖိနပ်ကိုစီးထားတော့အရပ်အမောင်းကထွဋ်ခေါင်နဲ့မတိမ်းမယိမ်းဖြစ်နေသည်။

ထွဋ်ခေါင်ကအပြာရင့်ရောင်အနောက်တိုင်းဝတ်
စုံကို suit အပြည့်ဝတ်ဆင်ထားပြီးသူမကတော့ all black ဝတ်ဆင်ထားသည်။ခြေဖျားထိရှည်
လျားသည့်အနက်ရောင်ကိုယ်ကြပ်ဂါဝန်နဲ့အပေါ်ထပ်ဝတ်အင်္ကျီအနက်ပေါ်တွင်စိန်ရောင်တဖျတ်
ဖျတ်လက်နေသည့်နှင်းဆီပန်းပုံရင်ထိုးကိုထိုးထားသည်။ဖြောင့်စင်းလှပသည့်သူမ၏ဆံပင်ရှည်တွေကိုခပ်မြင့်မြင့်မြှောက်စီးထားတာကျော
လယ်ထိဖြာကျနေသည်။

သူမအဖေဦးသီဟမောင်ကတစ်ဦးတည်းသောသမီးလေးကိုနှင်းဆီမောင်လို့နာမည်ပေးလိုက်
တာနာမည်စီးသွားပုံပေါ်သည်။သူမကတခြား
မိန်းကလေးတွေလိုပျော့ပြောင်းနူးညံ့မနေဘဲဖျတ်လတ်သည့်အသွင်နှင့်ဝံ့ကြွားတောက်ပနေသည်။ဖြူ ဝင်းသည့်မျက်နှာပြင်မှာအနီရောင်ရင့်ရင့်
နှုတ်ခမ်းနီကိုဆိုးထားတော့သူမ၏အလှကစူးရှ
နေသည်။

ကျောင်းပြီးကတည်းကသူမဖခင်၏စီးပွားရေး
လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေပြီမို့လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည်။အရာရာမှာဦးဆောင်နိုင်စွမ်းရှိနေသူမို့အချစ်ရေးကိစ္စမှာလည်းသူမကဦးဆောင်သူသာဖြစ်ချင်နေသည်။

ခြုံပြီးပြောရလျှင်နှင်းဆီမောင်ကအဖက်ဖက်ကလိုလေသေးမရှိပြည့်စုံနေပြီးအပြစ်အနာအဆာကင်းသည်။စီးပွားရေးအဆင့်အတန်း၊ရုပ်ရည်၊ပညာ၊မျိုးရိုး၊မိသားစုနောက်ခံအားလုံးကဘိုးဘိုးဦးတိုင်းကျော်ရဲ့စံသတ်မှတ်ချက်တွေနှင့်ကိုက်ညီ
နေသည်။အားလုံးကဘိုးဘိုးရဲ့အကြိုက်တွေဖြစ်
သည်။မိသားစုချင်းကလည်းရင်းနှီးကြသည်။ထိုအခြေအနေမျိုးမှာနှင်းဆီမောင်ကိုမြေးချွေးမအ
ဖြစ်ရွေးချယ်တာအဆန်းတော့မဟုတ်ပေ။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Where stories live. Discover now