အခန်း(၄၀)

173 14 4
                                    

မနက်ခင်းဝေလီဝေလင်းအချိန်တွင်ဘုရားဖူးထွက်မည့်ကားကြီးကထမင်းဆိုင်ကနေစထွက်လာပြီးထွဋ်ခေါင်အိမ်ရှေ့တွင်ရပ်သွားသည်။ကားပေါ်ကနေဖြိုးသော်နဲ့စောညိုကခွေးတစ်ကောင်ဆွဲပြီးဆင်းလာသည်။ခွေးကြီးကထူးမြတ်တို့ ထမင်းဆိုင်တွင်မွေးထားသည့်ခွေးကြီးဖြစ်ပြီးနာမည်ကညိုတုတ်ဟုခေါ်သည်။နာမည်နဲ့လိုက်အောင်အညိုရောင်အမွှေး
တွေနဲ့ညိုညိုထွားထွားခွေးကြီးဖြစ်သည်။

ဖြိုးသော်ကသူ့မှာရှိတဲ့သော့နဲ့ခြံတံခါးကိုဖွင့်ပြီးညိုတုတ်ကိုထွဋ်ခေါင်ခြံဝင်းထဲသွင်းသည်။ပြီး
တော့သော့ခတ်ပြီးထွက်သွားသည်။ညိုတုတ်
ကထွဋ်ခေါင်ခြံဝင်းထဲကျန်နေခဲ့သည်။သူတို့
ကနှစ်ရက်ခရီးသွားမှာဆိုတော့ခွေးကိုထွဋ်ခေါင်အိမ်လာထားသွားသည်။သဘောကတော့ခွေးထိန်းခိုင်းတာပေါ့လေ။

ညိုတုတ်ကသဘောကောင်းလွန်းသည်။တွေ့
သမျှလူတိုင်းကိုလိုက်နမ်းသည်။ခင်တဲ့လူကိုပိုနမ်းသည်။ထမင်းဆိုင်ကိုလာနေကျလူတွေမ
ပြောနဲ့တစ်ခါမှမရောက်ဖူးတဲ့လူတွေဆိုင်ထဲဝင်လာရင်တောင်အမြီးနှံ့ပြီးကြိုသည်။ဒီနယ်ကသူခိုးမရှိလို့သာပဲ။သူခိုးသာရှိရင်ဒီခွေးလုပ်ပုံနဲ့
ရှိတာအကုန်ပါသွားလောက်သည်။

ဘုရားဖူးကားကြီးထွက်သွားတော့ညိုတုတ်ကသူ့ကိုထားခဲ့ပြီဆိုပြီးတဝုတ်ဝုတ်နဲ့ဟောင်သည်။ခွေးဟောင်သံကအဆက်မပြတ်ဆိုတော့ထွဋ်ခေါင်တို့တစ်အိမ်လုံးနိုးကုန်သည်။ကိုကိုကသူ့ခွေးအသံကိုမှတ်မိသည်။အဲဒါညိုတုတ်
အသံပဲဟုပြောသည်။

ထွဋ်ခေါင်ဝရံတာကနေထွက်ကြည့်ပြီးညိုတုတ်ကိုတွေ့တော့ခေါင်းခါရမ်းမိသည်။သူထိန်းချင်တာကကိုကို့ကိုပဲထိန်းချင်တာ။ခွေးကအဆစ်ပါလာသည်။သခင်ကိုချစ်တော့ခွေးကိုလည်းချစ်ရပေတော့မည်။ထွဋ်ခေါင်နဲ့ကိုကိုမနက်စာစားပြီးသွားတဲ့အချိန်မှာကိုကိုကသူ့ခွေး
နဲ့ခြံထဲဆင်းသွားသည်။

“ဝက်ဝံနက်"

“ဟုတ်ကဲ့သခင်လေး”

“မင်းဆေးရုံမလိုက်ခဲ့နဲ့တော့။အိမ်ကလူနဲ့ညိုတုတ်ကိုသေချာထိန်းထား"

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Where stories live. Discover now