အခန်း(၃၇)

173 10 2
                                    

ကိုကိုကအိမ်မှာပဲနေတော့မယ်လို့ပြောတော့
အရင်လိုမျိုးကိုကို့ကိုဖမ်းချုပ်ပြီးမခေါ်ချင်။ကိုကို့ဆန္ဒကိုပဲဦးစားပေးချင်သည်။ဒါပေမဲ့ဒီကျောက်တွင်းကိုရောက်ကတည်းကကိုကိုနဲ့အတူနေလာခဲ့တာ။ညဘက်ဆိုကိုကို့ကိုဖက်ပြီးအိပ်ခဲ့တာ။ကိုကိုမရှိတော့နေရထိုင်ရတာဟာ
တာတာနဲ့။ညဘက်ဆိုရင်ခွင်ထဲကအနွေးဓာတ်
ပေးတဲ့ကိုယ်လုံးလေးပျောက်သွားတော့အေး
စက်တဲ့အိပ်ယာပေါ်မှာတစ်ယောက်တည်းအထီးကျန်သည်။ကိုကိုမလိုက်ရင်ကိုကို့ဆီမှာပဲသူနေချင်သည်။

ဒါပေမဲ့အိမ်မှာနှင်းဆီမောင်ရောက်နေသည်။
ဧည့်သည်ကိုအိမ်စောင့်ထားပြီးအိမ်ရှင်ကအိမ်
ပြင်ထွက်အိပ်လို့ဘယ်လိုမှမသင့်တော်။နောက်
တစ်နေ့မနက်မှာတော့ဧည့်သည်ကိုထမင်းဆိုင်မှာမနက်စာလိုက်ကျွေးမယ်ဆိုပြီးကိုကို့ထ
မင်းဆိုင်ခေါ်လာခဲ့သည်။ကိုကို့ကိုတွေ့ဖို့တမင်အကြောင်းရှာပြီးထမင်းဆိုင်မှာထမင်းသွားစားရသည်။

ထမင်းဆိုင်ရှေ့ရောက်တော့ကားရပ်တာမြင်
တာနဲ့ညီမလေးကထွက်ကြိုသည်။ထွဋ်ခေါင်တို့ကိုထမင်းဆိုင်ထဲမှာနေရာချပေးသည်။အရင်ကထက်လူများနေတော့ဖြိုးသော်၊ဝက်ဝံနက်၊ကျားသစ်နက်နဲ့နှင်းဆီမောင်ရဲ့အတွင်းရေးမှူးကတစ်စားပွဲထိုင်သည်။ထွဋ်ခေါင်ကိုတော့သူ့ဇနီးလောင်းနဲ့အေးအေးဆေးဆေးနေပါစေဆိုပြီးထွဋ်ခေါင်နဲ့နှင်းဆီမောင်ထိုင်တဲ့စားပွဲကိုဘယ်သူမှဝင်မထိုင်။

ညီမလေးစုမြတ်ကဘာစားမှာလဲမေးပြီးထမင်းဟင်းတွေမှာပေးသည်။ရေဘူးတွေလာချပေးသည်။သူတို့နားမှာသွက်လက်ချက်ချာစွာနဲ့ဧည့်ဝတ်ပြုနေတဲ့ညီမလေးကိုထွဋ်ခေါင်လိုက်
ကြည့်နေမိသည်။ခြေသလုံးထိရှည်တဲ့ဂျင်းဘောင်းဘီအကြပ်လေးနဲ့တီရှပ်အဝါရောင်ပွပွ
ကြီးဝတ်ထားတဲ့ညီမလေးကတကယ်ကိုက
လေးလေးနဲ့တူသည်။ဆံပင်ကလည်းအတိုလေး။စကားပြောရင်းခေါင်းလေးလှုပ်သွားရင်
ဆံပင်အိအိလေးတွေကပါလှုပ်ခါရမ်းနေသည်။ကိုယ့်ညီမမို့အပိုပြောတာမဟုတ်။စုမြတ်
ကအရမ်းချစ်စရာကောင်းသည်။

နှင်းဆီမောင်ကတော့စုမြတ်ဆီကနေအကြည့်မခွာနိုင်ဖြစ်နေသည်။ထမင်းစားနေကြတဲ့အချိန်မှာထွဋ်ခေါင်ကိုတိုးတိုးလေးကပ်မေးသည်။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Donde viven las historias. Descúbrelo ahora