Unicode
ဒီနေ့မမမွေးနေ့ဖြစ်သည်။
မမက သူ့မွေးနေ့ကိုအသိအမှတ်ပြုရုံသာ မမပန်းတို့အိမ်မှာ သူငယ်ချင်းတွေနှင့်လုပ်မည်ဟု ဆုဆုကအကြင်နာ့ကိုပြောပြထားသည်။
မမဟာ မွေးနေ့ပွဲကိုတခမ်းတနားလုပ်ရတာသဘောမကျဘူးကြောင်းကိုလည်းဆုတုကပြောပြခဲ့ပါသည်။
ဒါတော့အကြင်နာနဲ့တူသည်။
အကြင်နာ့အတွက်မွေးနေ့ဆိုတာဟာလည်း နေ့တွေထဲကတစ်နေ့သာဖြစ်သည်။ထူးထူးခြားခြားခံစားရတာမျိုးမရှိခဲ့ပါ။မွေးနေ့မှာမမကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲဟု ထိုနေ့ကတည်းကတွေးနေခဲ့ရတာ။
တကယ်တမ်းကျဘာပေးရမလဲဆိုတာမသိသေးပါ။အကြင်နာfacebookသုံးနေတုန်းnewfeedမှ
ပန်းကလေးများ၏အဓိပ္ပာယ်ကိုရေးသားထားသောပို့စ်လေးတစ်ခုတက်လာသည်။
စိတ်ဝင်စားစွာနဲ့ပန်းကလေးတွေ၏အဓိပ္ပာယ်ကိုေရးသားထားေသာစာစုလေးများအားဖတ်ရင်း အကြင်နာ့ခံစားချက်နဲ့ထပ်တူကျနေတဲ့ပန်းလေးကိုတွေ့လိုက်ရသည်။ ပန်းလေး၏အဓိပ္ပာယ်ကြောင့်လည်းရင်ထဲ၌များစွာ စိတ်မကောင်းဖြစ်မိသည်။
"ဒီပန်းလေးက မမအတွက် မွေးနေ့လက်ဆောင်လေးဖြစ်မယ်ထင်ပါရဲ့"
အကြင်နာရင်နာနာနဲ့ရေရွတ်လိုက်သည်။
တစ်ဆက်တည်းစိတ်ထဲ၌ကြိတ်ပြီးဆုတောင်းမိသည်က ထိုပန်းပေးခြင်း၏ရည်ရွယ်ချက်ကို မမ မသိပါစေနဲ့လို့ပေါ့။
***
"သု နင့်မမရောက်လာမှာရော ဟုတ်ရဲ့လား"
"လာမှာလေပန်းရဲ့။ မမကခုနကဖုန်းဆက်တယ်"
"ဪ... အေးပါ လာမှာဆိုလည်း"
"ငါတော့ ကိတ်စားချင်နေပြီ သု
ရယ်""ခဏပါပဲ လေပြေရယ် မမကလာတော့မှာပါ။ခဏလေးပဲစောင့်"
"မမသု ဒီနေ့ပိုလှနေတယ်နော်။ အဝတ်အစားရေ ရုပ်ရော ဘာမှကိုပြောစရာမလိုဘူး။လုံးဝperfectပဲ"
ဆုဆုက မိမိအလှအားချီးကျူးတော့မနေတတ်စွာ ဆံပင်များကိုလက်ဖြင့်သပ်မိသည်။

YOU ARE READING
ချစ်သော အကြင်နာ(Completed)
Romanceမေတ္တာတွေသာ စစ်မှန်ခဲ့ရင်အသွားအပြန်ရှိနိုင်သလား။မေတ္တာတွေကရောင်ပြန်ဟပ်သလား။ မေတ္တာတွေကစူးတတ်သလား။ မေတ္တာတွေသာစူးခဲ့ရင် ပြန်နှုတ်လို့ရနိုင်ပါ့မလား။ အမုန်းတွေကရောအချစ်အဖြစ်ပြောင်းလဲလာနိုင်လား။အချစ်ကနေ အမုန်းဘက်ကိုပြောင်းသွားနိုင်လား။