Unicode
"ကိတ်ခွဲလိုက်တော့မလား မမ"
"အင်း ခွဲလေ။လူစုံပြီမလား"
"ဟုတ် မမ"
မမ၏မွေးနေ့မှာ ဆုတောင်းပေးကြပြီး မမကကိတ်ခွဲအပြီးတွင်မမ၏ချစ်သူကိုဦးစွာခွံ့သည်။ ဒီမြင်ကွင်းဟာ အခြားသူတွေအတွက်ကြည်နူးစရာကောင်းနေမှာအသေချာပါပဲ။ အကြင်နာ့အတွက်တော့ဝမ်းနည်းရ
သည့်မြင်ကွင်းဖြစ်သည်။
ဝမ်းနည်းမှုကိုဖုံးကွယ်ပြီးဘာမှမဖြစ်သလိုနေရတာဟာပင်ပန်းလိုက်တာ။မမကလည်း ဒီနေ့မှာသိပ်ကိုပျော်နေပုံပေါ်သည်။မမရဲ့ အပြုံးလေးတွေဟာ ဒီနေ့မှာပိုပြီးအသက်ဝင်နေသည်။
ကိုယ့်ကြောင့်ဖြစ်တည်လာတဲ့အပြုံးလှလှတွေအားရင်နာနာနဲ့ငေးနေမိသည်။
မနာလိုဖြစ်သလားဆိုတော့မဖြစ်ပါ။
စိတ်မကောင်းဖြစ်ရုံကလွဲပြီး မမပျော်နေတာမို့ကျေနပ်ပါသည်။အကြင်နာရဲ့ စိတ်အလုံးစုံဟာ မမအပေါ်မှာများစွာသက်ရောက်နေပြီး မမ၏စိတ်အစုံဟာလည်း မမချစ်သူအပေါ်တွင်သက်ရောက်သည်။
"အကြင်နာ ညီမလေး။
မမတို့သီချင်းဆိုချင်တယ်ကွယ်။အကြင်နာကဂစ်တာတီးပေးနော်။သုရဲ့မွေးနေ့လည်းပျင်းစရာကောင်းမနေအောင်လို့လေ""ဟုတ်ကဲ့ ရပါတယ် မမလေပြေရဲ့။ အကြင်နာဂစ်တာတီးပေးမှာပေါ့"
ငေးငေးငိုင်ငိုင်တွေးတောနေရင်းမှမမလေပြေအသံကြောင့် ခပ်မြန်မြန်ဖြေလိုက်သည်။
"ကျေးဇူးပဲ ကလေး"
"မမလေပြေက ဘာသီချင်းဆိုချင်တာလဲဟင်။ အကြင်နာရတာဆိုရင်တော့ဖြစ်ပါတယ်"
သီချင်းတိုင်းတော့ အကြင်နာမတီးတတ်ပါ။
မမလေပြေဟာခဏစဉ်းစားဟန်ပြုနေသည်။
"အင်..မမလေပြေ crushကြောင့်
အသည်းကွဲနေတယ် ကလေး၊ အဲ့ဒီတော့
စိုးရိမ်ချစ် သီချင်းတီးပေးနော်။ရတယ်မလား""မမလေပြေကအသည်းကွဲနေတာလား။
မမလေပြေကိုဘယ်သူအသည်းကွဲအောင်လုပ်တာလဲပြော။အကြင်နာရန်သွားတွေ့မယ်"အကြင်နာစလိုက်တော့တစ်ဖွဲ့လုံးဝိုင်းရယ်ကြသည်။
"သူ့crushက အရမ်းချေနေလို့တဲ့ ညီမလေးရေ...ဒါနဲ့ အကြင်နာရန်သွားတွေ့မယ်ဆိုလည်း အစားများများစားပြီး ခန္ဓာကိုယ်ထွားလာအောင်လုပ်ဦး..အကြင်နာ့ကိုယ်လေးနဲ့ဆို ဟိုကကိုင်ပေါက်တာနဲ့ ကွိခနဲ နေမှာ"

YOU ARE READING
ချစ်သော အကြင်နာ(Completed)
Romanceမေတ္တာတွေသာ စစ်မှန်ခဲ့ရင်အသွားအပြန်ရှိနိုင်သလား။မေတ္တာတွေကရောင်ပြန်ဟပ်သလား။ မေတ္တာတွေကစူးတတ်သလား။ မေတ္တာတွေသာစူးခဲ့ရင် ပြန်နှုတ်လို့ရနိုင်ပါ့မလား။ အမုန်းတွေကရောအချစ်အဖြစ်ပြောင်းလဲလာနိုင်လား။အချစ်ကနေ အမုန်းဘက်ကိုပြောင်းသွားနိုင်လား။