Part 2

65 8 0
                                    

Zawgyi code

2017 ခုနှစ် 6 လပိုင်း 2 ရက်နေ့

ဇိုင်းတစ်ယောက်လွယ်အိတ်ကိုလွယ်ထားကာ ကျောင်းရှေ့၊ တစ်နည်အားဖြင့် ​ဆေးကျောင်းရှေ့တွင်ရပ်နေ၏။ တက္ကသိုလ်ကျောင်းဆောင်ကြီးမှာလွန်စွာခမ်းနားလှပါသည်။
ဇိုင်းဒီနေ့ အဖြူတီရှုပ်ပေါ်မှာ အမဲဂျက်ကပ်နဲ့ ဂျင်းဘောင်းဘီအပြာနုဝတ်ထားတော့ အသားဝင်းသူပီသစွာ လွန်စွာမှလိုက်ဖက်လှသည်။ ဦးထုပ်အဖြူလည်းဆောင်းထား၏။

သူရပ်ကြည့်နေစဉ် သူ့နောက်ကျောကိုတစ်ယောက်ယောက်ကဝင်တိုက်သဖြင့် လှည့်အကြည့်

ဘုရားရေ

အခုလိုမြန်မာနိုင်ငံမှာဒီလိုကောင်လေးရှိသည်တဲ့လား
မျက်ခုံးထင်းထင်းနဲ့ မျက်လုံးလေးများမှာကြည်လင်နေသော်လည်းဝမ်းနည်းရိပ်များနဲ့ နှာတံလေးမှာ ဆင်းနေ၏။ အထင်ရှားဆုံးအပိုင်းမှာနှုတ်ခမ်းလေးဖြစ်သည်။ ဖူးကြွနေကာ သဘာဝအတိုင်းရဲနေသည်။အသားလေးမှာဖွေးနုနေ၏။ အဝါရောင်တီရှပ်လေးနဲ့အောက်ကဂျင်းဘောင်းဘီအပွအပြာေ
လးဝတ်ထားတော့ကလေးတစ်ယောက်အတိုင်းနှယ်။

ဇိုင်း၏တစ်သက်တွင်တစ်ခါမျှ ယောက်ျားလေးတစ်ယောက်ကိုဤမျှသေချာမကြည့်ဖူးပေ။
လှတယ်ဆိုတာမိန်းကလေးများအတွက်သာသုံးသော်လည်း ဒီကောင်လေးအတွက်တော့သုံးလျှင်ပင်အပြစ်မပြောနိုင်လောက်အောင် ဒီကောင်လေးအလွန်လှပါသည်။

ဇိုင်းကြောင်ကြည့်နေစဉ်..

ဇေယျာ- ဘာတွေအဲ့လောက်ကြည့်နေရတာလဲ

ဇိုင်း- ဟင်... အယ် မကြည့်ပါဘူး

ဇေယျာ- ဟုတ်ပြီလေ ခုနဝင်တိုက်မိတာ တောင်းပန်တယ် ငါအလောတကြီးလာမိလို့ မင်းကိုမမြင်မိသွားဘူး။ မင်းကလည်းအပေါက်တည့်တည့်ရပ်နေတာဥစ္စာ မင်းအပြစ်လည်းနည်းနည်းတော့ပါတယ်နော်
ငါပြောတာဟုတ်သလား

ဇိုင်း သူ့ရှေ့ကကောင်လေးကိုလွန်စွာအူယားနေသည်။ သူ့အပြစ်ကိုသိပ်မပြော။ သူများကိုပါဆွဲထည့်နေသောအကောင်ပေါက်တည်း။
ဘယ်လိုလေးလဲကွာ......

ဇေယျာ- ဟေ့လူ ငါပြောတာဟုတ်သလားလို့

ဇိုင်း- ဟင်..သြော် မှန်တယ် သိပ်မှန်တာပေါ့ ကျွန်တော့်အပြစ်လည်းပါပါတယ်

အကယျ၍သာ...Where stories live. Discover now