Part 4

25 8 0
                                    

Zawgyi

July 3 ရက်နေ့

ဇိုင်း တက္ကသိုလ်ရောက်ကတည်းက လီလီသော်တာကိုရှာနေမိတယ် ဒါမယ့်မကြာပါဘူး ကန်တင်းမှာတွေ့လိုက်တယ်

မေဂျာqueen ပီသစွာ လီလီသော်တာတော်တော်ကိုချောပါတယ်

ခါးအထက်ရှိတဲ့ ဆံပင်အမဲကိုမှ မီးခိုးရောင် hightlight ဖောက်ထားတဲ့ ဆံပင်ကို high ponytail စည်းထားသော်လည်း သူနဲ့မှလွန်စွာလိုက်ဖက်နေတယ်။

ဇိုင်း ထိုဝိုင်းနားသို့သွားကာ

ဇိုင်း- hey

ထိုဝိုင်းမှသူများကဇိုင်းဆီသို့အကြည့်ရောက်ကြ၏။

ဇိုင်း- ကိုယ် ဒီမှာထိုင်လို့ရလား နေရာအလွတ်မရှိတော့ဘူးဆိုတော့...

ဇိုင်းပြောတာလည်းဟုတ်နေသည်။ နေရာမလွတ်သောကြောင့် လီလီသော်တာခေါင်းညိတ်လိုက်၏။

သူ့၏ သူငယ်ချင်းဖြစ်ဟန်တူသော ကောင်မလေးများက သူမအား တံတောင်ဖြင့်တိုက်နေကြ၏။ ဇိုင်းမြင်သားဘဲ။

ဇိုင်း- ကိုယ့်နာမည်က ဇိုင်းဝေဆာမင်းပါ။ ဒီကမိန်းကလေးကရော

လီလီ- လီလီသော်တာပါ လီလီလို့ဘဲခေါ်လို့ရပါတယ်

ဇိုင်း- ကျွန်တော်နဲ့ခင်လို့ဖြစ်တယ်မလား

ဟုပြောကာ wink လိုက်သဖြင့် လီလီသော်တာမခံနိုင်တော့ချေ။
သူမလည်းအမျိုးသမီးတစ်ယောက်ဘဲ။ ဘာသားနဲ့ထုထားတာမို့လို့ ဇိုင်းလိုကောင်မျိုးကိုငြင်းနိုင်ရမှာလဲ။

လီလီသော်တာပြုံးလိုက်သည်။

ကျန်တဲ့ကောင်မလေးများကရှောင်သွားကြသည်။

လီလီ- လီလီ မင်းကို မွေးနေ့ဖိတ်လိုက်မယ်လေ ကိုယ့်မွေးနေ့ လာမယ်မလား ပိုလည်းခင်သွားမယ် မဟုတ်ဘူးလား

ဇိုင်း- လာရမှာပေါ့ လီလီ့မွေးနေ့ဘဲဥစ္စာ ကိုယ်လာခဲ့မယ်

သူတို့နှစ်ယောက် acc တွေဘာတွေ အချင်းချင်းအပ်ကြပြီး ဇိုင်းကနှုတ်ဆက်ကာ အရင်ထွက်သွား၏။

ဇိုင်းသွားပြီး ခဏအကြာတွင်
လီလီ ပြုံးနေသည်ကိုရပ်လိုက်သည်။ သူ့စိတ်ထဲအဆင်မပြေသလိုခံစားရသည်။ သူခေါင်းကိုခါလိုက်ကာ ကန်တင်းမှထွက်လိုက်သည်။

အကယျ၍သာ...Where stories live. Discover now